Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်အား KNLA/PDF ပူးပေါင်းတပ် တိုက်ခိုက်၊ လက်နက် ၅လက်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့(မတ်လ ၉ရက်)နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၂) စစ်ရေးလှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာဖွေပေးလျက်ရှိသည့် စစ်တောင်းကမ်ပိန်းက အသိပေးသည်။

တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - စစ်တောင်းကမ်ပိန်း

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့(မတ်လ ၉ရက်)နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၂) စစ်ရေးလှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာဖွေပေးလျက်ရှိသည့် စစ်တောင်းကမ်ပိန်းက အသိပေးသည်။

မတ်လ ၉ရက် နံနက်စောတွင် ထန်းတပင်မြို့နယ် ရေသုတ်ကြီးစစ်ကောင်စီတပ်စခန်းမှ တပ်သားများသည် နောစိုးစစ်ကောင်စီတပ်စခန်းသို့ ရိက္ခာလက်နက်ခဲယမ်းများ သွားရောက်ပို့ဆောင်စဉ် နောစိုး တပ်စခန်းနှင့် ခူလောင်ကျေးရွာအကြား၌ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ MA-3 (၁) လက်နှင့် MA-1 (၄)လက် သိမ်းရခဲ့ဟု စစ်တောင်းကမ်ပိန်းက ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။

စစ်တောင်းကမ်ပိန်း လှုပ်ရှားမှု၌ ပါဝင်သည့် ကရင်သတင်းရင်းမြစ်က ထန်းတပင်တိုက်ပွဲ ဖြစ်ပွားမှုကို အတည်ပြုပေးသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ်ကိုမူ မသိဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ရေးအခြေအနေများ မေးမြန်းရန် တပ်မဟာ(၂)တာဝန်ရှိသူအချို့ထံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KNLA တပ်မဟာ(၂)သည် မတ်လ ၈ရက်ကလည်း တောင်သူခရိုင် သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့် စစ်ကောင်စီ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို ဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သပြေညွန့် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးသည်ဟု သိရကြောင်း စစ်တောင်းကမ်ပိန်း၌ ပါဝင်သည့် ကရင်သတင်းရင်းမြစ်က ပြောသည်။

သပြေညွန့်စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၈လက်ထက်မနည်းနှင့် ခဲယမ်း၊ ကျည်များ သိမ်းပိုက်ရရှိခဲ့ဟုလည်း ကရင်သတင်းရင်းမြစ်က ပြောသည်။

စစ်တောင်းကမ်ပိန်းသည် တပ်မဟာ(၂) နယ်မြေ စစ်တောင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံး တိုက်ခိုက်မည့် စစ်ဆင်ရေး၌ အသုံးပြုရန် ရန်ပုံငွေ ရှာဖွေနေခြင်းဖြစ်ပြီး ကမ်ပိန်း၌ ပါဝင်ကြရန် တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီးက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။