Connect with us

Hi, what are you looking for?

သတင်း

တောင်စွန်းရွာစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ခုနစ်ဦးသေ၊ ၁၀ကျော်ဒဏ်ရာရဟု ရေးဘီလူးခေါင်ဆောင် ပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်စွန်းကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးပြီး ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ရေးဘီလူးခေါင်ဆောင်က လူထုနွေဦးသို့ ပြောသည်။

ရေးမြို့နယ်အခြေပြု၍ အာဏာသိမ်းစစ်တပ်ကအား တိုက်ခိုက်နေသည့် ရေးဘီလူးတပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး

ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်စွန်းကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးပြီး ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ရေးဘီလူးခေါင်ဆောင်က လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၉ရက်)နေ့လည်ပိုင်းက ရေး – မော်လမြိုင် လမ်းပိုင်းဘေးရှိ တောင်စွန်းကျေးရွာအား ခမရ(၃၄၃)တပ်ရင်းက နယ်မြေရှင်းလင်းရေးစစ်ဆေးမှုပုံစံဖြင့် ဝင်ရောက်လာခြင်းဟု အသိပေးသည်။

“တောင်စွန်းရွာထိပ်ကို အစစ်ဆေးပုံစံမျိုးနဲ့ရောက်လာခဲ့တယ်။သူတို့က ကျွန်တော်တို့ရှိတဲ့ ဂွင်ထဲကို ဝင်လာတော့ နေ့လည်က ကျွန်တော်တို့ ဒရုန်းနဲ့ လိုက်ရံတယ်။ လိုက်တော့ ဒီကောင်တွေ ပြန်ဆုတ်တယ်။ဒီ​ကောင်တွေ ပြန်ဆုတ်မယ့်နေရာတစ်ခုကို မောင်းထည့်တယ်။ပြီးမှ တပ်ခွဲ ၃က ဖြတ်ပစ်တယ်။ထိတာ အယောက် ၂၀ ဝန်းကျင် လောက်ရှိတယ်။သေဆုံးတာ သေချာတာက ခုနစ်ယောက်။ဗိုက်ပွင့်၊ရင်ဘက်ပွင့်၊ခေါင်းပွင့် တယ်။ရေးဆေးရုံ ကို ပို့နေတာတွေလည်းရှိတယ်”ဟု ရေးဘီလူးခေါင်းဆောင်က ရှင်းပြ သည်။

Public Service Announcement

Public Service Announcement

ခမရ(၃၄၃)တပ်ရင်းအခြေစိုက်ထားသည့်နေရာ နှင့် တောင်စွန်းရွာသည် ရေး-မော်လမြိုင် လမ်းမခြားပြီး ရေးမြို့နယ်၏ အလယ်ဗဟိုကျသည့် အနေအထားတွင် ရှိသည်။

ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ခမရ(၃၄၃) တပ်ရင်းနှင့် မီတာ ၂၀၀ခန့်အကွာရှိ စစ်ကောင်စီ ကာကင်းစခန်းအား ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သားများ ထွက် ပြေးသွား၍ သိမ်းပိုက်ရရှိသည့် ကင်းစခန်းဖြိုချကာ ကတုတ်ကျင်းများ ဖျက်ဆီးခဲ့ကြောင်း အသိပေးထားသည်။

ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းများ တိုက်ခိုက်မှု အရှိန်မြှင့်တင်မည် ဖြစ်၍ တပ်ရင်းအနီး နေထိုင်သူများအနေဖြင့် ကြိုတင်ရွှေ့ပြောင်းရန် ရေးဘီလူးက တိုက်တွန်းထားသည်။

ရေးမြို့တွင် စစ်ကောင်စီ၏ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၁၉)နှင့် လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ (၆၁)၊ ခလရ (၂၉၉)၊ ခမရ (၃၄၃) ၊ ခမရ (၅၈၆)၊ အမှတ် (၃၁၆)အမြောက်တပ်ရင်း (အမတ – ၃၁၆)စသည့် တပ်ရင်းများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။