Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ စကခ(၂၁)တိုက်ပွဲအတွင်း စစ်ကောင်စီ ဒရုန်း ၇စီး KIA ပူးပေါင်းတပ် ပစ်ချခဲ့ဟုဆို

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁) ဌာနချုပ် အပြီးသတ် သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဒရုန်း ၇စီး ပစ်ချနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၉ရက်ညပိုင်းက ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဒရုန်းတစ်စင်းအား သိမ်းပိုက်ရရှိစဉ်။ ဓာတ်ပုံ - 7Stars News

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁) ဌာနချုပ် အပြီးသတ် သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဒရုန်း ၇စီး ပစ်ချနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၉ရက်ညပိုင်း တိုက်ပွဲ ပြင်းထန်ချိန် စစ်ကောင်စီတပ်က ညကြည့် Night Visino ပါ ဒရုန်းများ အသုံးပြု ခုခံခဲ့ရာ KIA ပူးပေါင်းတပ်ဘက်က ဒရုန်း ၇စီး ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း 7Stars News က ဖော်ပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်စစ်ရေးသတင်းရင်းမြစ်က ပစ်ချနိုင်ခဲ့သည်ဟုလည်း ပြောသည်။

Public Service Announcement

Public Service Announcement

“ရန်သူ့ဘက်က အဓိက အသုံးပြုနေကြတဲ့ ဒရုန်း ရန်များကို ဖယ်ရှားနိုင်ပြီဆိုတော့ ခရီးပိုတွင်တော့မယ်ထင်တယ်” ဟု KIA ပူးပေါင်းတပ်၏ စကခ(၂၁) သိမ်းပိုက်နိုင်ရေးထိုးစစ် အောင်မြင်မှု ရရှိရေး ပိုမိုနီးစပ်လာနိုင်သည့် အခြေအနေကို ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

စစ်ကောင်စီတပ်က ဒရုန်း ၇စီး ဆုံးရှုံးခဲ့ရ၍ အားနည်းမှုများ ပိုကြုံရနိုင်သော်လည်း လက်ရှိတွင် လေယာဉ်များဖြင့် အားစိုက် အသုံးပြုနေဆဲဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည် ။

ဒရုန်းပစ်ချနိုင်မှုနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIA ပူးပေါင်းတပ်သည် ဖေဖော်ဝါရီလအတွင်းက စကခ(၂၁)၏ အဓိက ကာကင်းတပ်ရင်းဖြစ်သော ခလရ(၂၃၆)အား တိုက်ခိုက်သိမ်းပိုက်စဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ချပေးသည့် ဒရုန်းများအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တို့က ပြောပြထားသည်။

KIAပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၃ရက်က စတင်ခဲ့ရာ သုံးလကျော်ကြာနေပြီဖြစ်ပြီး စစ်ကောင်စီက ဒရုန်း၊ လေယာဉ်၊ လက်နက်ကြီးများ အသုံးပြုခုခံလျက်ရှိသည်။ ဗန်းမော်အခြေစိုက် စစ်ကောင်စီတပ်စခန်းနေရာ အများအပြား သိမ်းပိုက်ထားနိုင်သည့် KIAသည် လက်ကျန်တပ်စခန်းများ ထပ်မံ သိမ်းနိုင်ရေးအတွက် မတ်လ ၈ရက်တွင် စကခ(၂၁)၊ ခလရ(၄၇) အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများ၊ တပ်စခန်းများကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လူနာကုတင်ပေါ်မှာ ကလေးငယ်တစ်ယောက်စူးစူးဝါးဝါးအော်ငိုနေပါတယ်။ ငိုသံကို ကြားရသူ၊ ကလေးကို မြင်ရသူတွေလည်း မျက်ရည်တွေ စီးကျနေပါတယ်။ ငိုသံဟာ မနေ့ညနေပိုင်းမှာ စစ်တပ်ကတိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်ကပေါက်ကွဲသံထက်တောင် ပိုပြီးကျယ်လောင်သ​ယောင် ခံစားရတယ်လို့ ကလေးငယ်ကို ဆေးကုပေးနေသူတစ်ဦးက ဆိုပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းကို စစ်ကောင်စီတပ်က စိုးမိုးဖို့ကြိုးစားနေပြီး မန္တလေးမြို့ကနေ သပိတ်ကျင်းမြို့အထိ မြစ်ကမ်းဘေးကျေးရွာတွေကို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အာဏာသိမ်းစစ်တပ်က ထပ်မံထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီး စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၂ခုကို စက်တင်ဘာ ၁၁ညနေပိုင်းတွင် လက်လွှတ်ခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။