Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသရှိ ပန်းညိုကျေးရွာအား စစ်ကောင်စီတပ် မီးရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ် ရေလယ်ကျွန်းဒေသရှိ ပန်းညိုကျေးရွာအား စစ်ကောင်စီတပ်က ယနေ့(မတ်လ ၁၂ ရက်) ညနေပိုင်းတွင် မီးရှို့နေကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)တာဝန်ခံ ကိုနွေဦးက လူထုနွေဦးသို့ ပြောသည်။

ပန်းညိုရွာအား စစ်ကောင်စီတပ် မီးရှို့နေသည်ကို ယနေ့ ညနေပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ − ကိုနွေဦး

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ် ရေလယ်ကျွန်းဒေသရှိ ပန်းညိုကျေးရွာအား စစ်ကောင်စီတပ်က ယနေ့(မတ်လ ၁၂ ရက်) ညနေပိုင်းတွင် မီးရှို့နေကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)တာဝန်ခံ ကိုနွေဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ရေကြောင်းနှင့် ကုန်ကြောင်း စစ်အင်အားအများအပြားဖြင့် ပန်းညိုကျေးရွာအား ယမန်နေ့ညပိုင်းတွင် ဝင်ရောက်ခဲ့ပြီးနောက် ယနေ့ ညနေ ၄နာရီခန့်ကစ၍ ရွာလုံးကျွတ်နီးပါးမီးရှို့နေခြင်းဟု အသိပေးသည်။

“အခု စစ်ကြောင်းထိုးမှုမှာ နှစ်ကြိမ်ဝင်ဖို့ကြိုးစားတာ နှစ်ကြိမ်လုံး အထိအခိုက်တွေနဲ့ပြန် ပြန်ဆုတ်ရတော့ ရေကြောင်းကပါ လာကူနေတာ”ဟု ကိုနွေဦးက စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့နေမှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အိမ်ခြေ ၄၀၀ကျော်ရှိသည့် ပန်းညိုကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၂ နှင့် ၂၀၂၃ တို့တွင် နှစ်ကြိမ်မီးရှို့ခဲ့ဖူးပြီး အိမ်ခြေ ၂၀၀ ကျော် မီးရှို့ ခံခဲ့ရသည်။

“အခုက စစ်တပ်အင်အားမှာ ရေတပ်က ၆၀ကျော်၊ ကုန်းက ၁၅၀ ကျော်ပါတယ်။ရွာခံတွေကတော့ ၁၀ ရက်နေ့ကတည်းက ရွှေ့ပြောင်းထားရတယ်”ဟု မြောင်မြို့နယ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြောင်မြို့နယ် ပန်းညိုကျေးရွာဘက်သို့ မြေပြင်မှစစ်ကြောင်းထိုးလာမှုအရ ရေစကြိုမြို့နယ် သာခေါင်ကျေးရွာဘက်မှဖြစ်ပြီး အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်၏ နောက်ချန်အင်အား ကျန်နိုင်သေးကြောင်းလည်း ၎င်းက အသိပေးသည်။

ထို့ကြောင့် စစ်ရှောင်နေရသော ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်များ လုံးဝမရှိတော့ကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သတင်းအချက်အလက်ယူပြီးမှသာ ကျေးရွာအတွင်း ဝင်ရောက်ရန် CDSOM က တိုက်တွန်းထားသည်။

ဖေဖော်ဝါရီ ၂၆ရက်ကစ၍ စစ်ကောင်စီ၏ စစ်ကြောင်းကြောင့် ရေစကြိုနယ်မြို့နယ်မှ မြေစွန်း၊ဆင်ခြေယာ၊မာလကာခြံ၊ရွှေလှန်၊ရွာသစ်ရွာ၊သာခေါင်ကြီး၊ဇရပ်နီ၊သာခေါင်လေး နှင့် ဖြုံဘူးကျေးရွာ တို့မှ ဒေသခံများမှာ စစ်ရှောင်ခဲ့ရသည်။

ထို့အပြင် မြောင်မြို့နယ်မှ နနွင်းကိုင်း၊ဆူးလေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ မြစ်ဆုံ၊ငါးရံ့အိုး၊ မင်းလှနှင့် ပန်းညိကျေးရွာတို့မှ ဒေသခံပြည်သူ ၂၀,၀၀၀ထက်မနည်း စစ်ရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"မြစ်အနောက်ဘက်ကစစ်ဘေးကနေမကွေး၊ တောင်ကြီး၊မန္တလေးအထိ—ရိုးရာပွဲတော်တွေ ဘယ်သူ့အတွက် စည်ကားနေကြသလဲ"

ဆောင်းပါး

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သီတင်းကျွတ်လပြည့်ညက အညာက ရွာလေးတစ်ရွာမှာ ဆီမီးထွန်းပွဲဲ ပြီးလို့ ရွာသူရွာသားတွေ ကိုယ့်အိမ်ကို ပြန်ဖို့ပြင်နေချိန် ကွင်းထဲမှာ ပေါက်ကွဲသံကြီးတွေ ထွက်ပေါ်လာခဲ့တယ်။ လူတွေဟာ သွေးသံရဲရဲနဲ့ အော်ပြေးခဲ့ကြတယ်။ရွာသူရွာသားတွေဟာ ကမ္ဘာပျက်သလို အော်ဟစ်ဆူညံနေခဲ့တယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook