Connect with us

Hi, what are you looking for?

သတင်း

ပိုမိုဆိုးရွားလာတဲ့မြန်မာ့အကျပ်အတည်းအာဆီယံ ဦးဆောင်ကိုင်တွယ်ဖြေရှင်းဖို့ NUG တိုက်တွန်း

၂ နှစ်​ကျော်အတွင်းစစ်​​ကောင်စီက အရပ်သား​နေရာများကို​လေ​ကြောင်းတိုက်ခိုက်မှု၂,၁၉၀ ကြိမ် ပြုလုပ်ခဲ့ပြီးကလေးသူငယ်ပေါင်း ၃၇၂ဦး ​သေဆုံးခဲ့

စဥ့်ကူးမြို့နယ် လက်ပံလှရွာကိုစစ်တပ်ကဗုံးကြဲ၍ ထိမှန်ခဲ့​သောက​လေးငယ်ကို ​ပွေချီ​ပြေး​နေကြ​စဥ်။ ဓါတ်ပုံ-မန္တ​လေးPDF

မတ်-၂၀၊ ၂၀၂၅။ လီလီယန်/People’s Spring

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု ဆက်လက်မြင့်တက်နေချိန်မှာ ခိုင်မာအားကောင်းပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်ချက်များကို အရေးတကြီး လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၉ရက် မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာရဲ့အာရုံစိုက်မှုများဟာ ယူကရိန်းအရေးအပေါ်မှာသာ ဆက်ရှိနေတာကြောင့် အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဦးဆောင် ကိုင်တွယ်ဖြေရှင်းနိုင် မယ့် အရေးပါတဲ့ အခွင့်အလမ်းတရပ် ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

နောက်ပြီး အာဆီယံပဋိညာဉ်စာတမ်းကနေ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်များအရ အာဆီယံဟာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးကူညီဖို့အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“မလေးရှားနိုင်ငံ အခု ဥက္ကဋ္ဌဖြစ်တယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံမှာ၊ ပြည်သူလူထုအပေါ်မှာ ဆက်လက်ပြီး ပြင်းပြင်းထန်ထန် ကျူး

လွန်နေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ဖြေရှင်းဖို့အတွက် ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ တိုက်

တွန်းတာပေါ့။ ထိရောက်တဲ့ ဆောင်ရွက်ချက်ဆိုတာ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဖို့ လိုအပ်ပါတယ်” လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

အာဆီယံဟာ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ်(non-political representative)က လွဲလို့ အခြားကိုယ်စားလှယ်များ တက်ရောက်ခွင့်ကို တားဆီးပိတ်ပင်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီကိုလည်း စစ်အုပ်စုနဲ့ မပတ်သက်ဘဲ နယ်စပ်ဖြတ်ကျော် တိုက်ရိုက်အကူအညီပေးဖို့ လိုအပ်တယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

“စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ ကျားဖြန့်ပြဿနာသည်လည်း ကမ္ဘာတဝန်းလုံးထိ ဒုက္ခရောက်တဲ့ အနေအထားကို ရောက်တယ်။ ဒီလိုမျိုး ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို အာဆီယံအဖွဲ့ကြီးအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်တယ်။ အဲဒီလို ဖိအားတွေ ပေးဖို့ လိုအပ်တယ်။ ဒါမှသာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီးတော့ မြန်မာနိုင်ငံမှာ တည်ငြိမ်တဲ့၊ ရေရှည်ခိုင်မြဲမယ့် နိုင်ငံရေးအဖြေတစ်ခုရပြီးတော့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ အထောက်အကူပြုတဲ့ မြန်မာနိုင်ငံသစ် ဖြစ်လာမယ်။ အဲဒီအတွက် အာဆီယံအဖွဲ့ကြီးအနေနဲ့ ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား မြန်မာပြည်သူလူထုဘက်ကနေ ရပ်တည်ဖို့ တိုက်တွန်းပြောကြားချင်တာဖြစ်ပါတယ်” လို့ ဦးကျော်ဇော်က ဆိုပါတယ်။

မြန်မာပြည်သူလူထုဟာ နေ့စဉ်နဲ့အမျှ ကြီးမားလှတဲ့ ဆင်းရဲဒုက္ခများစွာကို ရင်ဆိုင် ကြုံတွေ့နေရတာကြောင့် တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေကို အရေးတကြီး လိုအပ်နေတယ်လို့ NUG နိုင်ငံခြားရေးက ထောက်ပြပါတယ်။

မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုနဲ့ နိုင်ငံအနှံ့ကျေးရွာများကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုမှာ နေအိမ်များမှ အတင်းအကျပ် စွန့်ခွါထွက်ပြေးနေကြရတယ်လို့ NUG က အသိပေးပါတယ်။ ဒါ့အပြင် စာသင်

ကျောင်းနဲ့ ဆေးရုံလို အရေးကြီးအဆောက်အဦများ ဖျက်ဆီးခံကြရကာ အကြီးအကျယ် ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်အထိ မှတ်တမ်းတင်ထားတဲ့ အချက်အလက်များအရစစ်အုပ်စုဟာ အရပ်သားပြည်သူဆိုင်ရာနေရာများကို လေ

ကြောင်းတိုက်ခိုက်မှု (၂,၁၉၀) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုများကြောင့်ကလေးသူငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီလို အကြမ်းဖက်စစ်အုပ်စုရဲ့ အများပြည်သူဆိုင်ရာနေရာများကို မဆင်မခြင်တိုက်ခိုက်မှုနဲ့ ကလေးသူငယ်များကို ထိခိုက်သေကျေစေမှုများဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်နေရုံ သာမက ကလေးသူငယ်များရဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင် နိုင်ခွင့်နဲ့ ကာကွယ်စောင့်ရှောက်မှု ရရှိပိုင်ခွင့်များကို အာမခံပေးထားတဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဂျီနီဗာသဘောတူစာချုပ်ကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ NUG နိုင်ငံခြားရေး ထပ်လောင်း သတိပေးပါတယ်။

တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ရဲရင့်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်များကို ချမှတ်ဆောင်ရွက်ကြဖို့ NUG နိုင်ငံခြားရေးက တိုက်တွန်းပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ အာဆီယံဟာ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိတဲ့ ကတိကဝတ်များကို ဆက်လက် စောင့်ထိန်းဖို့လည်း ဆက်လက်တိုက်တွန်းပါတယ်။

လက်ရှိအချိန်အခါဟာ မြန်မာနိုင်ငံရှိ ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ ဂုဏ်သိက္ခာတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်မယ့် ဆောင်ရွက်ချက်များကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်ဖြစ်တယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook