Connect with us

Hi, what are you looking for?

သတင်း

ဌာနချုပ်အနီးရှိ ခလယ့်ဒေး စစ်တပ်စခန်းကို KNU သိမ်းယူ

ထိုင်း – မြန်မာနယ်စပ်အနီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်နား နေရာယူတပ်စွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ဒီနေ့ (မတ်လ ၂၅) ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တယ်လို့ ထိုင်းနယ်စပ် သတင်းရင်းမြစ်နဲ့ ကရင်သတင်းရင်းမြစ်တို့ထံကသိရပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ် ထဲက စစ်ကောင်စီတပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ် သိမ်းယူပြီးနောက်တွေ့ရပုံ (ဓာတ်ပုံ - KNU)

နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာနယ်စပ်အနီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်နား နေရာယူတပ်စွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ဒီနေ့ (မတ်လ ၂၅) ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တယ်လို့ ထိုင်းနယ်စပ် သတင်းရင်းမြစ်နဲ့ ကရင်သတင်းရင်းမြစ်တို့ထံကသိရပါတယ်။

ခလယ့်ဒေးတပ်စခန်းကို မတ်လ ၂၂ ရက်က KNU တပ်မဟာ (၇) ၊ တပ်ရင်း (၂၂) က ဦးဆောင်ပြီး စတင်တိုက်ခိုက်ရာမှာ ၄ ရက်အကြာ ဒီနေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၄ နာရီဝန်းကျင်မှာ စခန်းသိမ်းနိုင်တာလို့သိရပါတယ်။

စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ် ၊ အပေါ့စားထောက်ပို့လေယာဉ်တွေ သုံးပြီး ဗုံးကြဲတာ ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့ပေမယ့် စခန်းကို KNU ကသိမ်းယူနိုင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ခလယ့်ဒေးတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ ထိုင်းနယ်စပ်သတင်းရင်းမြစ်ကအသိပေးပါတယ်။

“စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်၊ လေကြောင်းပစ်ခတ်မှုက ထိရောက်မှုမရှိခဲ့ဘူး” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနယ်စပ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်း ကို ဝင်ပြေးသွားတာ ရှိ ၊မရှိကို တိတိကျကျမသိရသေးပါဘူး။

ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ခလယ့်ဒေးစခန်း ရပြီ ၄ နာရီအချိန်မှာနော် ၊ထွက်ပြေးတာလည်း ရှိတယ်၊ တပ်ရင်း ၂၂ ကလူတွေ တက်သိမ်းတာ” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပေမယ့် ခဲယမ်းအရေအတွက်နဲ့အမျိုးအစားကိုတော့ အသေးစိတ်မသိရသေးပါဘူး။

KNU ရဲ့ စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရ ခလယ့်ဒေး စခန်းဟာ တပ်မဟာ (၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။

ခလယ်ဒေးစခန်းတိုက်ပွဲ ကြောင့် အနီးတဝိုက်မှာရှိတဲ့ ခလယ့်ဒေး၊ နို့လော်ဖလိုးကျေးရွာတွေက ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ စစ် ရှောင်နေရတယ်လို့ သိရပါတယ်။

KNU ဗဟိုဌာနချုပ်အနီးဝန်းကျင် မှာ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းအပြင် မယ်သဝေါစခန်း၊ ရှမ်းရွာသစ်ဗျူဟာတို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကလည်း KNU တပ်မဟာ (၇) နယ်မြေ ထဲက စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။

ပူလူတူတပ်စခန်းသိမ်းတိုက်ပွဲမှာ ဒေသခံ ပြည်သူ ၅၀၀ ခန့် ထိုင်းဘက်ခြမ်း စစ်ရှောင်ခဲ့ရသလို စခန်းသိမ်းခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းနယ်ခြားမြစ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်နိုင်ငံထဲ ဝင်ပြေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။