Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နယ်၌ KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီပူးပေါင်းတပ် တိုက်ပွဲဆက်ပြင်းထန်

ဗန်းမော်မြို့ အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းနေကြောင်း KIA ထပ်မံ အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား ရှေ့တန်းစစ်မျက်နှာပြင်၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ (ပုံဟောင်း)

မတ်၂၆၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီး၌ စစ်ကောင်စီ ၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်အကြား မတ်လ ၂၅ရက်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်က တနိုင်း-လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာအတွင်း ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ မရန်ကထောင်ဂိတ်ရှိ စစ်ကောင်စီတပ်၊ ကားမိုင်းဗျူဟာရှိ စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် ၃ရက်ခန့်ကစ၍ မရန်ကထောင်ဂိတ်ကို ပိတ်ပြီး စစ်ရေးလှုပ်ရှားလာသကဲ့သို့ မင်းဇေသန့် ပြည်သူ့စစ်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် လဝါးကျေးရွာနှင့်အနီးရှိ ပြည်သူ များ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ် တနိုင်းလီဒိုလမ်းတလျှောက် ပူတာအို – ဆွမ်ပရာဘွမ် လမ်းပိုင်း၊ ဝိုင်းမော် – လမြန်ဒေသဘက်တွင်စစ်ရေးလှုပ်ရှားနေပြီး KIA ပူးပေါင်းတပ်ကလည်း ဗန်းမော်မြို့ကို အပြီးအစီးသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ပြောသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဗန်းမော်မြို့တွင် မတ်လ ၂၃ရက်နှင့် ၂၄ရက်များက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပြောသည်။

” တက္ကသိုလ် ကျောင်းဝင်းအထဲက စခတွေ လှုပ်ရှားလာလို့ တိုက်ပွဲပြင်းထန်တယ်။ မနေ့က ငြိမ်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို KIA ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ တိုက်ပွဲ ၅လ နီးပါးအတွင်း စစ်ကောင်စီ၏ အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ်၊ ခြေလျင်တပ်၊ လေယာဉ်ကွင်း အပါအဝင် အရေးပါသည့် နေရာများစွာ သိမ်းပိုက်ထားပြီး အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး မတ်လအတွင်း စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ကာကင်းစခန်းအများစု သိမ်းရထားသည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသတွင်လည်း မတ်လ ၂၁ရက်ကစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

လမြန်ဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ရေး အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ် နေရာအနှံ့ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ပြုလုပ်လာနေသည်ဟု KIAက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။