Connect with us

Hi, what are you looking for?

သတင်း

ပြည်ပသွားလုပ်ဖို့ အလုပ်သမားတွေ စာမေးပွဲဖြေ၊စာချုပ်တဲ့ ပင်လုံခန်းမ ဗုံးပေါက်

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် အလုပ်သမားများ စာမေးပွဲဖြေ၊ စာချုပ်ချုပ်ဆိုသည့် နေရာဖြစ်သော ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမတွင် ယနေ့(မတ်လ ၂၆ ရက်) နံနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာန ပင်လုံခန်းမအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၆၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် အလုပ်သမားများ စာမေးပွဲဖြေ၊ စာချုပ်ချုပ်ဆိုသည့် နေရာဖြစ်သော ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမတွင် ယနေ့(မတ်လ ၂၆ ရက်) နံနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာန ပင်လုံခန်းမ၏ အရှေ့မျက်နှာစာ အုတ်တံတိုင်းနှင့်ကပ်လျက် နေရာတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဟု စုံစမ်းသိရသည်။

“ပြည်ပရောက်အလုပ်သမားတွေ စာချုပ်ချုပ်တဲ့နေရာ၊ တချို့စာမေးပွဲ‌ဖြေရတာတွေလည်း လုပ်တယ်။အဲဒီက စကစ ဝန်ထမ်းတွေက ဖိအားပေးလာလို့။ မင်းတို့ကို ဒီလိုလုပ်လို့ရတယ်ဆိုတာ ပြတာ။ အခုက တအားကို ဖိအားပေးနေတာ။ အပေါ်လည်း အခွန်ကောက်နေတာလည်း လုပ်တယ်။ ထိုင်းမှာ အလုပ်သမားတွေက သူတို့ကြောင့် အတော်ကြပ်နေတာ။ ဒီထက်ဆိုးလာရင် ထပ်ပြီးကြမ်းတာနဲ့ လုပ်မယ်”ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ရာ အနီးရှိ ဗိုလ်မင်းရောင်အိမ်ယာတွင် နေထိုင်သူတစ်ဦးက “ဗုံးပေါက်တာ ဖြစ်ဖြစ်ချင်းတော့မသိဘူး။မနက် မှ စစ်ကားနဲ့ ရဲတွေ ပတ်နေတာတွေ့ရလို့မှသိတာ။ရုံးရှေ့ မှာ ကွဲတာလို့ လောလောဆယ် ကြားရတယ်”ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊မရှိကို လူထုနွေဦးက စုံစမ်းနေဆဲ ဖြစ်သည်။

မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမသည် အစိုးရချင်းချိတ်ဆက်၍ ပြည်ပသွားရောက်အလုပ်လုပ်ကိုင်မည့်သူများ စာမေးပွဲဖြေဆိုရပြီး OWIC(ပြည်ပအလုပ်သမားသက်သေခံကတ်) လက်မှတ်ထုတ်ပေးသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ယခုလ တတိယပတ်ကစ၍ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ပြုမည့် လူအရေအတွက်နှင့် အလုပ်ခေါ်စာ(Demand Latter)ကို စစ်ကောင်စီက ကန့်သတ်ထားသည်။

ထို့အပြင် ဗီဇာစည်းမျဉ်းစည်းကမ်း တင်း​ကြပ်မှုအပါအဝင်၊ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာမည့်သူအားလုံးသည် မတ်လ ၁၇ ရက်ကစ၍ စစ်ကောင် စီ၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိတော့ပေ။

စစ်ကောင်စီသည် အသက် ၁၈ နှစ် ၃၅ နှစ်ကြား လူငယ်များကို ပြည်ပထွက်ခွာမှု ပိတ်ပင်ခြင်း၊ပြည်ပရောက်ရှိသူများစစ်မှုထမ်းရန် ဖိအားပေးနေခြင်းနှင့် မြန်မာလုပ်သားများ၏ လုပ်ခလစာ၏ လေးပုံတစ်ပုံကို မဖြစ်မနေလွှဲပြောင်းရန်လည်း ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အာဏာသိမ်းကာလအတွင်း မြန်မာပြည်ခေတ္တအလည်ပြန်ဖို့ ကြိုးစားချိန်တိုင်း စိုးရိမ်သောကတွေ၊ ရှုပ်ထွေးလှတဲ့ စည်းမျဉ်းတွေနဲ့ ငွေကုန်ကြေးကျများလှတဲ့ပြည်တော်ပြန်ခရီးတွေအဖြစ် ပြောင်းလဲနေပါတယ်။ ဘာတွေကြောင့်ပါလဲ။

သတင်း

မကွေးတိုင်း၊ ကံမမြို့က ရေသန့်စက်ရုံရဲ့ အလုပ်သမားတွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခံရတာကြောင့် စက်ရုံပိတ်လိုက်ရတယ်လို့ အဲဒီရေသန့်စက်ရုံပိုင်ရှင်က ပြောပါတယ်။

သတင်း

မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ဦးကို ထိုင်းအာဏာပိုင်တွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဆောင်းပါး

ဒီနှစ်ဟာ အာဏာရှင်လက်အောက်မှာ ၅ ကြိမ်မြောက် ကြုံရမယ့်သင်္ကြန်ကာလပါ။ ကိုဗစ်ရောဂါကာလတစ်နှစ်ကိုပါ ထည့်ပေါင်းရင် မြန်မာပြည်သူတွေ သင်္ကြန်စစ်စစ်ကို ဆုံးရှုံးခဲ့တာ ဒီနှစ်နဲ့ဆို ၆ နှစ် ရှိခဲ့ပါပြီ။