Connect with us

Hi, what are you looking for?

သတင်း

ခလယ်ဒေးတပ်စခန်းသိမ်းပိုက်မှု ပွိုင့်ဖိုက်စက်သေနတ်အပါအဝင် လက်နက် ၇လက်နှင့် ခဲယမ်းများရ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်း သိမ်းပိုက်မှုအတွင်း ပွိုင့်ဖိုက် စက်သေနတ်နှင့် လက်နက်ကြီးအပါအဝင် လက်နက် ၇လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(မတ်လ ၂၆ရက်) ထုတ်ပြန်သည်။

လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်း သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်း သိမ်းပိုက်မှုအတွင်း ပွိုင့်ဖိုက် စက်သေနတ်နှင့် လက်နက်ကြီးအပါအဝင် လက်နက် ၇လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(မတ်လ ၂၆ရက်) ထုတ်ပြန်သည်။

ခလယ်ဒေးတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာလုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နှင့် တပ်ရင်း (၂၄)တို့က မတ်လ ၂၂ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၄ရက်မြောက် မတ်လ ၂၅ရက်တွင် သိမ်းရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များက မတ်လ ၂၄ရက်တွင် ဂျက်ဖိုက်တာ (၂) စင်းဖြင့် ပေါင် (၅၀၀) ဗုံး လေးလုံး၊ Y-12 ဖြင့် ဗုံး (၃၆)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့သော်လည်း KNU ပူးပေါင်းတပ်၏ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများက ၎င်းတို့၏ လက်နက်ခဲယမ်းများအားမီးရှို့ဖျက်ဆီးကာ စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ခလယ်ဒေးတပ်စခန်းအား ရှင်းလင်းစဉ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦး၏ အလောင်း တွေ့ရှိခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် လက်နက်မျိုးစုံ ၇လက်နှင့် ခဲယမ်း ကျည်များသိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများမှာပွိုင့် (၅) တစ်လတ်၊ ပွိုင့် (၅) ပြောင်း (၂) ချောင်း၊ ၆၀ မမ အရှည် (၁) လတ်၊ ၆၀ မမ အတို (၁) လတ်၊ RPG-7 (၁) လတ်၊ MA-2 (၃) လတ်၊ Jammer (၁) လုံး၊ မီးစက် အကြီး (၁) လုံး၊ မီးစက် အသေး (၁) လုံး၊ မိုင်းရှာစက် (၁) ခု၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ၁၆ နင်းမိုင်း (၂) လုံး၊ ၆၀ မမ ကျည် (၂၇) လုံး၊ ခွေးဗုံး (၁) လုံး၊ ၈၁ မမ ကျည် (၂) လုံး၊ ၄၀ မမ ကျည် (၃၂) လုံး၊ RPG-7 ကျည် (၁၄) လုံး၊ ၇.၆၂ ကျည် (၂) သောင်း၊ ၅.၅၆ ကျည် (၈) ထောင်၊ တိုက်မိုင်း (၆၀) လုံး၊ ခမောက် (၈) လုံး၊ ဆိုလာ (၄) ချပ် တို့ဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

ခလယ်ဒေးတပ်စခန်းသည် ၁၉၈၉ စက်တင်ဘာ ၂၂ရက်တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စခန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စခန်း စတင်တည်ဆောက်သည့် အချိန်မှစပြီး ဒေသခံပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာ နေထိုင်လုပ်ကိုင်စားသောက်ခွင့် အကန့်သတ်ခံခဲ့ရကြောင်း၊ ဒေသခံ ပြည်သူလူထုများ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ပြည်သူလူထု၏ လိုလားချက်နှင့်အညီ ခလယ်ဒေးတပ်စခန်းအား သိမ်ပိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။