Connect with us

Hi, what are you looking for?

သတင်း

သစ်ဖုလ​တောင်စစ်စခန်းက စစ်သားအ​လောင်း​အများအပြား​တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရာ စစ်သားရုပ်အလောင်းတွေ အများအပြားတွေ့ရှိတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မှာ သစ်ဖုလ​တောင်စစ်စခန်းကိုPDF ​တွေသိမ်းပိုက်စဥ်/ ဝန်သိုမှာ​စေလွှတ်တဲ့စစ်​ကြောင်းကို PDF ​တွေတိုက်ခိုက်ပြီး စစ်သုံ့ပန်း​တွေဖမ်းမိစဥ်။ဓါတ်ပုံ-CJ

ဒီဇင်ဘာ-၂၁၊၂၀၂၅။ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရာ စစ်သားရုပ်အလောင်းတွေ အများအပြားတွေ့ရှိတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မှာ သစ်ဖုလ​တောင်စစ်စခန်းကိုPDF ​တွေသိမ်းပိုက်စဥ်/ ဝန်သိုမှာ​စေလွှတ်တဲ့စစ်​ကြောင်းကို PDF ​တွေတိုက်ခိုက်ပြီး စစ်သုံ့ပန်း​တွေဖမ်းမိစဥ်။ဓါတ်ပုံ-CJ

ဒီကနေ့(ဒီဇင်ဘာ ၂၁ရက်)မှာ နယ်မြေရှင်းလင်းစဉ် စစ်သားရုပ်အလောင်းတွေ နဲ့ ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သုံ့ပန်းအချို့ထပ်မံဖမ်းမိခဲ့ပါတယ်။

ကောလင်းမြို့နယ်ထဲက စစ်တပ်ရဲ့စခန်းတချို့ကို PDF ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၉ရက် ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စခန်းကို စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှု​တွေကြားက​နေ ဒီဇင်ဘာ ၂၀ရက်မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ၂၁ရက်မှာလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့​ပေမယ့် နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာစစ်သားအလောင်းတွေအများအပြား တွေ့ရှိရတာဖြစ်ပါတယ်။

“သူတို့ကဘန်ကာကိုအခိုင်အမာဆောက်ပြီး အဲဒီထဲကနေ ခုခံတာ။မနေ့ကရော၊ညကပါ တိုက်ပွဲတွေဆက်ဖြစ်ပြီးဒီနေ့ နယ်‌‌မြေရှင်းလင်းရေးလုပ်တယ်။

ခတွေ (စစ်သား​တွေ)အသေးများတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်​ရေးသတင်းရင်းမြစ်တ​ဦးကလည်း “အသေက များပေမယ့် ဘယ်လောက်လဲဆိုတာ သေချာမသိရဘူး။ အဲဒီတပ်စခန်းမှာတော့ အင်အားက ၅၀အလွန်ဆုံးလောက်ပဲရှိတာ။ သူကတောင်ကမြင့်နေတော့ စစ်ရေးအရအလွန်အရေးပါတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်​​နေ့တိုက်ပွဲထဲမှာ စစ်သုံ့ပန်း တဦးဖမ်းမိပြီး ဒီဇင်ဘာ ၂၁ ရက်မှာလည်း စစ်သုံ့ပန်းအချိို့ထပ်မံဖမ်းမိတာဖြစ်ပါတယ်။

စစ်တပ်ကလည်း သစ်ဖုလ‌တောင်စခန်းကို စစ်ကူ​တွေစေလွှတ်ပြီး ပြန်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲနေတယ်လို့ စစ်​ရေးရင်းမြစ်အချို့ကပြောပါတယ်။

ဒီဇင်ဘာ၂၁ရက်မှာလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ဒါ့အပြင် ကောလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ ကန့်ဘလူနဲ့တန့်ဆည်မြို့နယ်ကိုလည်းစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ အရပ်သားထိခိုက်မှုရှိ၊ မရှိကို စုံစမ်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။ဒီဇင်ဘာ၂၁ ရက်ညနေ၃နာရီမှာ ကောလင်းမြို့၊မုတ်ဝကျေးရွာကိုစစ်တပ်ကလေကြောင်းကတိုက်ခိုက်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းထိမှန်ခဲ့ပါတယ်။

ကောလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ ၀န်းသိုမြို့က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၁)နဲ့ခမရ (၁၂၀)တပ်ရင်းကို လေကြောင်းကနေ အင်အားဖြည့်နေသလို အင်အား ၁၀၀ကျော်ကိုလည်း သစ်ဖုလတောင်ဘက်ကို ပို့ဆောင်ခဲ့ပါတယ်။ အဲဒီစစ်ကြောင်းကို ​PDF ​တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိပါတယ်။

ဝန်းသိုမြို့နယ်၊အခြေစိုက် ခမရ (၁၂၀)တပ်ရင်းက‌နေ ကောလင်းမြို့ဘက်ကိုဦးတည်ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း (၄)နဲ့ပူးပေါင်းစစ်ကြောင်းတွေကဒီဇင်ဘာလ၂၁ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခမရ(၁၂၀)က တပ်မ(၃၃)လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။

စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာသေနတ် ၁၀ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ​တော်လှန်​ရေးရဲဘော်တဦးကပြောပါတယ်။

လက်တ​လောကောလင်းမြို့နယ်မှာတိုက်ပွဲ​တွေဖြစ်ပွား​နေတာကြောင့် ဒေသခံပြည်သူတွေလုံခြုံရေးနဲ့ လေကြောင်းအန္တရာယ်အတွက် တော်လှန်ရေးအင်အားစုတွေက လူမှုကွန်ရက်ကနေ သတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။