Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထိုးစစ်တွင် တရုတ်ဒရုန်းပညာရှင်များကူညီနေကြောင်း မြေပြင်သတင်းရဟု KNU ထားဝယ်ခရိုင် တာဝန်ရှိသူပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ၌ စစ်ကောင်စီက ထိုးစစ်ဆင်ရာတွင် တရုတ်ဒရုန်းပညာရှင်များ ပါဝင်ကူညီလျက်ရှိကြောင်း မြေပြင်သတင်းရရှိဟု KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

၂၀၂၄ နိုဝင်ဘာ ၈ ရက်က တရုတ်ခရီးစဉ်အတွင်း ချုံချင့်မြို့၌ တရုတ်ထုတ် ဒရုန်းများကို ကြည့်ရှုနေသည့် စစ်ခေါင်းဆောင်။ ဓာတ်ပုံ-MOI

ဧပြီ ၁၁၊၂၀၂၅။ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ၌ စစ်ကောင်စီက ထိုးစစ်ဆင်ရာတွင် တရုတ်ဒရုန်းပညာရှင်များ ပါဝင်ကူညီလျက်ရှိကြောင်း မြေပြင်သတင်းရရှိဟု KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၄) တပ်ရင်း(၁၁)နယ်မြေ မောတောင်ဒေသသို့ ၂၀၂၄ ဒီဇင်ဘာက စတင်ထိုးစစ်ဆင်နေပြီး ယခုနှစ် ဧပြီ ၉ရက်တွင် ဒရုန်းပညာရှင် ၅ဦး အဆိုပါဒေသသို့ ရောက်ရှိကာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု KNU တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၄ ဒီဇင်ဘာကတည်းက မြေပြင်ထိုးစစ်ဆင်လျက်ရှိသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးအင်အားစုများ ခုခံတိုက်ခိုက်နေ၍ ရှေ့ဆက်တိုးမရဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

” အဲဒါကြောင့် ဒီနောက်ပိုင်းမှာ ဧပြီလ မတ်လအတွင်းမှာ စကစက ဒရုန်း တော်တော်များများ သုံးလာကြတယ်။ ဒရုန်းကင်းထောက်တွေသုံးတယ်။ လေယာဉ်တွေနေ့တိုင်းလိုလိုကင်းထောက်တယ် ဗုံးကြဲတယ်။ အခု နောက်ဆုံးရက်ပိုင်းမှာ ဒရုန်းကင်းထောက်ပြီးတော့ ဒရုန်းတွေဗုံးကြဲတယ်။ ကျနော်တို့ အဖွဲ့တွေက ကားတွေလည်းထိတယ် လူတွေလည်းထိတာရှိတယ်။ အဲဒါကြောင့် ကျနော်တို့က ပြန်သုံးသပ်တဲ့အပိုင်းမှာ မြေပြင် သတင်းအရဆို တရုတ် အဲဒီ ပညာရှင်တွေ ရောက်တဲ့နောက်ပိုင်းမှာ သူတို့ ပိုပြီးတော့ ဒရုန်းကင်းထောက်တွေ သုံးကြတယ်။ပြီးတော့ ကျနော်တို့ လှုပ်ရှားမှုတွေကို ကင်းထောက်ပြီးတော့ ရတာပေါ့”ဟု ပဒိုစောအယ်နားက ပြောသည်။

ထို့ကြောင့် မြေပြင်သတင်းနှင့် စစ်ကောင်စီ လက်ရှိလုပ်ဆောင်နေသည့် စစ်ရေးပိုင်းထူးခြားမှုများ ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

” တရုတ်ပညာရှင်တွေသုံးတာကတော့ မြေပြင် သတင်းအရ ကျနော်တို့က ရတယ်။ ဒါပေမဲ့အတည်ပြုတော့ မရသေးဘူး။ အခု အဲဒီ သူတို့ မြေပြင်စစ်သားတွေကျတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေက ဆက်တိုက်တော့ ဆက်တိုးလို့မရဘူး။ သူတို့ဘက်က အဲဒီ ဒရုန်းနဲ့ လေယာဉ်ပဲ အားကိုးနေတာ” ဟု ပဒိုစောအယ်နားက ပြောသည်။

KNLA တပ်မဟာ(၄)တွင် စစ်တပ်အာဏာသိမ်းစက စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားမှုနည်းပါးခဲ့သော်လည်း ၂၀၂၄ ကစ၍ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများကို KNU နှင့် တော်လှန်ရေးတပ်များက ပိုမိုတိုက်ခိုက်မှုပြုလုပ်လာသည်ကိုတွေ့ရလာသည်။

စစ်ကောင်စီသည် လက်ရှိတွင် အဆင်မြင့်ဒရုန်းများဖြင့် ပြည်သူများ၏ နေအိမ်များ ဖျက်ဆီးတိုက်ခိုက်ရာနှင့် တော်လှန်ရေးတပ်များ တိုက်ခိုက်ရာတွင် အသုံးပြုလာသည်ကို တွေ့ရသည်။

သို့သော် စစ်ကောင်စီ၏ ဒရုန်းအချို့ကို တော်လှန်ရေးတပ်များက ပစ်ချထားနိုင်သည်ကိုလည်း တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

PDF တပ်မှူးကြီးများ အစည်းအဝေးမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။