Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်အနီးက မော်ဖားသူး စခန်းကို တစ်ရက်ကြာတိုက်ပြီး KNU သိမ်းယူ

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဒီနေ့ ဧပြီလ ၁၉ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ မြန်မာစစ်ကောင်စီတပ်စခန်းရှိရာ တဝိုက်ကို ထိုင်းဘက်ကတွေ့ရပုံ (ဓာတ်ပုံ - เอก เกียรติศักดิ์ แม่สอด/FB)

ဧပြီ – ၁၉ ၊၂၀၂၅၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဒီနေ့ ဧပြီလ ၁၉ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

မြဝတီမြို့နယ် မြောက်ပိုင်းမှာ ရှိတဲ့ မော်ဖားသူး စခန်းကို မနေ့ ဧပြီလ ၁၈ ရက်ညနေပိုင်းကစတင် တိုက်ခိုက်တာဖြစ်ပြီးတစ်ရက်အကြာမှာပဲ စခန်းသိမ်းနိုင်တာပါ။

အဲဒီတပ်စခန်းဟာ ထိုင်းနယ်စပ်နဲ့ တစ်မိုင်ခွဲခန့်သာဝေးတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“တပ်မဟာ( ၇ )က ဒီနေ့မှာ လေးဝေါ်စခန်းတစ်ခုလုံးကို ရှင်းလင်းသိမ်းပိုက်လိုက်ပြီးနော်” လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့ သတင်းရင်းမြစ်ရဲ့ပြောပြချက်အရသိရပါတယ်။

နယ်စပ်အနီး တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျောက် လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ ထိုင်းမီဒီယာအချို့ က ဖော်ပြပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကောင်စီလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာဘက်ခြမ်းက ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံ ၂၁၅ ဦးကို ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ Khaosod သတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းရဲ့ တက်ခ်ပြည်နယ်၊ မဲရမတ် ခရိုင်ရဲ့ နယ်စပ်နဲ့ တစ်မိုင်ခွဲဝန်းကျင် အကွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် ဧပြီ ၁၉ ရက်မှာ ဒေသခံ ပြည်သူ ၂၃၃ ဦးခန့် ထိုင်းဘက်ကို ထပ်မံထွက်ပြေး ခိုလှုံလာတယ်လို့ ထိုင်းသတင်းဌာန The Nation က တော့ ရေးသားပါတယ်။

အဲဒီ စစ်ရှောင် ပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကို ရောက်ရှိခဲ့တဲ့နောက် ထိုင်းအာဏာပိုင်တွေက သူတို့ကို မဲရမတ် ခရိုင်ထဲက ဟွိုင်ပလာကောင် ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ခိုလှုံရေး စခန်းဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်တစ်ဘက်ခြမ်းက တိုက်ပွဲတွေကြောင့် ထိုင်းနယ်ခြားစောင့် အရာရှိတွေဟာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ရဲတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဖြန့်ကျက်ထားသလို စစ်ရှောင်တွေအတွက် လိုအပ်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ထားတယ်လို့လည်း The Nation သတင်းမှာ ပါရှိပါတယ်။

နောက်ပြီး ထိုင်းစစ်တပ်ကလည်း ပဋိပက္ခတွေ ထိုင်းပိုင်နက်ဆီ ကူးစက်မလာဖို့နဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေကို နယ်စပ်မှာ ပိုမိုဖြည့်တင်း ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

မော်ဖားသူးစခန်း တိုက်ပွဲနဲ့ ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူတွေဆီ People’s Spring က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကရင်ပြည်နယ် ၊လှိုင်းဘွဲ့မြို့နယ် ထဲက ထိုင်းနယ်စပ်အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူ စခန်းနဲ့ ခလယ့်ဒေးစခန်း တွေ ကို KNU တပ်မဟာ (၇) က သိမ်းယူထားပါတယ်။

လက်ရှိမှာ ဒေါနတောင်အရှေ့ဘက်ခြမ်း ၊မြဝတီမြို့နယ်ထဲမှာ မော်ဖားသူးစခန်းအပြင် မဲလ၊ မော်ဖိုးခီ့(မော်ဖိုးကေ)၊ တာလေဗျူဟာ၊ နော်တရာတောင်ထိပ်စခန်း စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို