Connect with us

Hi, what are you looking for?

သတင်း

စစ်သားသစ်လာစု​သော စစ်အုပ်စုထမင်းစား​နေစဥ် PDF များတိုက်ခိုက် ၈ဦး​သေ၊၄ဦးဒဏ်ရာရ

ပဲခူးတိုင်း၊မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်း​ဘေးရှိ​ကျေးရွာများကို ပေါ်တာလာဆွဲသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ထမင်းစား​နေစဥ် တိုက်ခိုက်ခံရပြီး ရှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

PDF တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-PDF ၃၈၀၂ ၊ တပ်ခွဲ ၂

ဧပြီ-၂၃၊၂၀၂၅။​ကျော်​ဇော၊ရဲခေါင်/People’s Spring

ပဲခူးတိုင်း၊မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်း​ဘေးရှိ​ကျေးရွာများကို ပေါ်တာလာဆွဲသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ထမင်းစား​နေစဥ် တိုက်ခိုက်ခံရပြီး ရှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဧပြီ ၂၂ ရက်​နေ့ကမင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်းအရှေဘက်ရှိကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲရန် စစ်ကောင်စီ လာရောက်မည်ဟုသတင်းကြားသိ၍PDFများကစစ်ကြောင်းနှစ်ခုခွဲ၍ နယ်မြေကြိုတင်ရှင်းလင်းခဲ့သည်။

ထို့နောက်ဧပြီ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် အင်ကြင်းကုန်းအုပ်စု၊အညာတန်းကြီးရွာ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ “53”မြန်မာထမင်းဆိုင်တွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးများစုစု​ပေါင်းအင်းအား ၂၀ ခန့်ထမင်းစားနေသည်ကိုတွေ့၍ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ပေါ်တာဆွဲတာ စခ ရော ပျူတွေရောပေါ့။၅၃ ထမင်းဆိုင်မှာ ထမင်းစားနေတုန်းတွေ့တွေ့ချင်း ဝင်ပစ်တာပေါ့။ရွာတံတားအောက်မှာ နှစ်ယောက်သေတယ်။မင်းလှဆေးရုံမှာခြောက်ယောက်​သေ သွားတယ်”ဟု အထက်ပါတာဝန်ရှိသူက တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်ကို ရှင်းပြသည်။

ပစ်ခတ်တိုက်ခိုက်ချိန်တွင်စစ်တပ်နှင့်ပျူများ ထမင်းဆိုင်အတွင်းရောက်ရှိနေ၍ ပြည်သူများ ဆိုင်မှထွက်ခွာသွားချိန် ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ၎င်းကဆက်ပြောသည်။

မင်းလှမြို့နယ် ၊တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက”(စကစတပ်)သူတို့အခြေအနေက ပြန်လည်ပစ်ခတ်ချိန်ကို မရလိုက်ပါဘူး။ ဝရုန်းသုန်းကား အတင်းထွက်ပြေးသွားရတာ။ အဲလိုပြေးတာကို ကျနော်တို့ နောက်ကနေလိုက်ပြီး ပစ်ခတ်ခဲ့ပါသေးတယ်”ဟုလူထုနွေဦးသို့ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် အညာတန်းကြီးကျေးရွာအတွင်းသို့ဝင်ရောက်ခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်းမလုပ်ရဲဘဲ ရန်ကုန်ပြည်လမ်းပေါ် တံတားတဘက်ခြမ်း၌ ကင်းပုန်းဝပ်နေခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက အညာတန်းကြီးကျေးရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က အ သိပေးသည်။

သို့သော် ယမန်နေ့ နေ့လယ် ၂ နာရီခန့်၌ စစ်ကောင်စီသည် Mi 35 အမျိုးအစား စစ်သုံးယာဥ်အသုံးပြုကာ မင်းလှမြို့အခြေစိုက် ခလရ (၁) တည်ရှိရာ မင်းလှ-စိန်ကန့်လန့်လမ်း ဘေးဝဲယာမှ ကျေးရွာများသို့ ဗုံးသီးကြဲချခြင်း၊ စင်သေနတ်များဖြင့် တရပ်လှည့်လည်ပစ်ခတ်ခြင်းများ လုပ် ဆောင်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက လူထုနွေဦးကို ပြောသည်။

“ပစ်သွားတာက ခလရ(၁)စိန်ကန့်လန့်နား ပတ် ပတ်လည်လှည့်ပစ်သွားတာဆိုတော့ ဘယ်ရွာတွေပစ်ခံရတယ်လို့ပြောဖို့ ခက်တယ်ဗျ။ အဲနားပတ်ပတ်လည် ရွာတွေအကုန်လှည့်ပစ်သွားတာ”ဟု တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ အဆိုပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုတွင် ကျောက်တံခါးတောရဘုန်းကြီး ကျောင်းနတ်လမ်း ထိခိုက်ပျက်စီး၍ ပြည်သူတစ်ဦးထိခိုက်ကာ ကားတစ်စီးပျက်စီးသွားကြောင်း ၎င်းက ဆက်ပြောသည်။ ထိခိုက်ပျက်စီးမှုအခြေ အနေအပြည့်အစုံကို လူထုနွေဦးက ဆက်လက်အတည်ပြုစုံစမ်းနေဆဲ ဖြစ်သည်။

ရန်ကုန်-ပြည်လမ်း​ဘေး၊ အညာတန်းကြီးရွာ ထမင်းဆိုင်သို့ ရောက်ရှိလာပြီး တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် အင်ကြင်းကုန်းအုပ်စုအပါအဝင် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ လူငယ်များအား ပေါ်တာဆွဲဖမ်း

ဆီးရန် လာရောက်စဥ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါစစ်ဆင်​ရေးကို တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။