Connect with us

Hi, what are you looking for?

သတင်း

စိုးမိုးထိန်းချုပ်နယ်မြေများမှ တစ်နှစ်အတွင်း အခွန်ဘဏ္ဍာအဖြစ် ကျပ် ဘီလီယံ ၄၇၀ကျော်နှင့် ရွှေ ၁၇ပိဿာခန့် ရရှိဟု NUG ထုတ်ပြန်

စိုးမိုးထိန်းချုပ်နယ်မြေများမှ ပြီးခဲ့သည့် ၂၀၂၄ တစ်နှစ်အတွင်း သတ္တု၊ကျောက်မျက်နှင့် သစ်တောကဏ္ဍများမှ လေလံနှင့် ဒဏ်ကြေးငွေ ကျပ် ဘီလီယံ ၄၇၂နှင့် ရွှေ ၁၇ပိဿာခန့် ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(မေ ၅ ရက်)တွင် ထုတ်ပြန်သည်။

၂၀၂၅ မတ်လ ၂၇ရက်က ရန်ကုန် − မန္တလေးလမ်းဟောင်းတနေရာ၌ PDF ရဲဘော်များ လမ်းပိုင်းစစ်ဆေးနေစဉ်။ ဓာတ်ပုံ − U Yee Mon/FB

မေ ၅၊၂၀၂၅။ရဲခေါင်/People’s Spring

စိုးမိုးထိန်းချုပ်နယ်မြေများမှ ပြီးခဲ့သည့် ၂၀၂၄ တစ်နှစ်အတွင်း သတ္တု၊ကျောက်မျက်နှင့် သစ်တောကဏ္ဍများမှ လေလံနှင့် ဒဏ်ကြေးငွေ ကျပ် ဘီလီယံ ၄၇၂နှင့် ရွှေ ၁၇ပိဿာခန့် ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(မေ ၅ ရက်)တွင် ထုတ်ပြန်သည်။

“စိုးမိုးထိန်းချုပ်နယ်မြေများတွင် အခွန်ဘဏ္ဍာရရှိမှု အခြေအနေ” ပတ်သက်ပြီး ၂၀၂၄အတွင်း သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍနှင့် သတ္တု၊ကျောက်မျက်ကဏ္ဍတို့မှ ရရှိသည့် လေလံနှင့် ဒဏ်ကြေးငွေ စုစုပေါင်း ကျပ်သန်းပေါင်း(၄၇၂,၁၄၁.၃၃၀၃) ဘီလီယံ ၄၇၂ကျော်နှင့် ရွှေစင် (၁၆.၉၄) ပိဿာရရှိကြောင်း ဖော်ပြသည်။

၂၀၂၄၏ ပြည်တွင်းရွှေစျေးနှုန်းများအရ ကျပ်သိန်း ၆၀ ဝန်းကျင်ဖြင့် တွက်ချက်မည်ဆိုပါက ရွှေစင် ၁၆ ဒသမ ၉၄ ပိဿာသည် ကျပ် ဘီလီယံ ၁၀ခန့် ရရှိမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်လျက်ရှိသည့် ဒေသများတွင်လည်း ကျွဲ၊နွား သယ်ဆောင်ခအခွန် ဘဏ္ဍာကောက်ခံခဲ့ရာ ၂၀၂၃နိုဝင်ဘာမှ ၂၀၂၄ စက်တင်ဘာအထိ စုစုပေါင်း ကျပ် ၃၃ ဘီလီယံကျော် (၃,၃၄၉,၄၂၅,၀၀၀)ကျပ်ကို ကောက်ခံနိုင်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် ရေနံထွက်ပစ္စည်း လုပ်ငန်းများမှ ၂၀၂၂ ဒီဇင်ဘာမှ ၂၀၂၄ ဒီဇင်ဘာအထိ အခွန်ဘဏ္ဍာ စုစုပေါင်းကျပ် ဘီလီယံ ၁၀၀ကျော်ရရှိပြီး တော်လှန်ရေးအတွက် လိုအပ်သည့် အခန်းကဏ္ဍများတွင် ပါဝင်ဖြည့်ဆည်းပေးနေသည်ဟု ဆိုသည်။

“စစ်အာဏာရှင်ကို တော်လှန်ဦးဆောင်နေတဲ့အဖွဲ့အစည်းက အခွန်ငွေ ချပြလာတာကို ကြိုဆိုတယ်။စာရင်းစစ်နဲ့ စိစစ်ပြီး တိကျတဲ့ကဏ္ဍ အလိုက်ခွဲဝေမှုတွေ စီးဆင်းမှုပါရင် ပိုကောင်းတယ်။အခွန်ဆောင်ကြတဲ့ပြည်သူတွေ ပို နားလည်အောင် ရှင်းပြ ဖို့လိုသေးတယ်လို့မြင်တယ်”ဟု စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးထောက်ပို့အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

“တချို့အရာတွေတော့ အမှန်ပြောရတာခက် တယ်။အောက်ခြေ ခြစားမှုလို့ပြောရမလား ။အုပ်ချုပ်ရေးယန္တရားမတည်ငြိမ်သေးတာလို့ပဲပြောရမလား။ရတာနဲ့ရောက်တာနဲ့ ကြားမှာ ပျောက် နေတာတွေများတယ်”ဟု မကွေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက အခွန်ငွေစီးဆင်းမှုအခြေအနေအပေါ် ရှင်းပြသည်။

ဘဏ္ဍာရန်ပုံငွေ၏ ၉၄ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင်အသုံးပြုထားကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက မေလ ၃ရက်တွင် ထုတ်ပြန်ထားသည်။

PDF ရဲဘော်များအနေဖြင့် နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းအားလုံး၌ တိုက်ပွဲ ဝင်လျက်ရှိသည့်အားလျော်စွာ အဆိုပါအသုံးစရိတ်များကို တနိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲ ခဲ့ခြင်းဖြစ်ပြီး မဟာ မိတ်တော်လှန်ရေးအဖွဲ့များအား မျှဝေထောက်ပံ့သည့်ရန်ပုံငွေများလည်း ပါဝင်ကြောင်း သိရသည်။

သို့သော် မြေပြင်တွင်မူ လက်နက်နှင့်စစ်အသုံးစရိတ်မလုံ လောက်သည့် တော်လှန်ရေးအဖွဲ့များ၏ ထောက်ပြမှုများစွာလည်းရှိနေသည်။

“ဥပမာတခု ပြောမယ်။မြို့နယ်တာဝန်ခံ တစ်ယောက်အသုံးစရိတ် တင်တဲ့ငွေ ကို။တစ်လ ကားဆီဖိုးက ၄၀ ကနေ၇၀ ရဲဘော်စားစရိတ် ၁၂၀ ကျန်အသုံး စရိတ် ၁၀၀ပတ်လည်ဆိုတော့ စုစုပေါင်း သိန်း ၂၀၀ ထား။မြို့နယ်တာဝန်ခံဆီမှာ ရဲဘော် ၇ယောက် မပြည့်တာကို အသုံးစရိတ် တစ်ရာကျော်တယ်။ဒါမျိုးတွေကို NUG အနေနဲ့ မစိစစ်နိုင်သေးဘူး။ရဲဘော်၁၂၀ အနည်းဆုံးရှိရတဲ့တပ်ရင်းကို တစ်လ သိန်း ၈၀ တခါတလေ သုံးလ ၈၀ ပဲ။ဒါမျိုးတွေကြောင့် မျှသုံးနေကြတာတွေကို ပြည်သူတွေရော တပ်ရင်းတချို့တွေက ထိလာတော့ MODအောက်ကနှုတ်ထွက်လာတဲ့ အဓိကအကြောင်းရာတစ်ခု ဖြစ်လာတာ”ဟု မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ လက်နက်၊ခဲယမ်း မီးကျောက်ရရှိရေး၊ ဘဏ္ဍာ ရန်ပုံငွေရရှိရေးတွင် လိုအပ်ချက်နှင့် စိန်ခေါ်မှုများရှိသော်လည်း တော်လှန်လူထု၏ ပူးပေါင်းပါဝင် ထောက်ပံ့မှု၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ဖြေရှင်း ကျော်လွှားလျက်ရှိကြောင်း NUGက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။