Connect with us

Hi, what are you looking for?

သတင်း

ထီးခီးတိုက်ပွဲ စစ်ကောင်စီတပ်နှင့် ရဲများ ထိုင်းဘက် ထွက်ပြေး၊ တိုက်ပွဲဆက်ဖြစ်နေ

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်းကို KNUပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ရဲများ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ထီးခီးတပ်စခန်းမှ ထိုင်းဘက်သို့ လက်နက်ခဲယမ်းနှင့်ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ။ဓာတ်ပုံ − Freedom kanbauk

မေ ၇၊၂၀၂၅။သက်ဝေ/People’s Spring

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်းကို KNUပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ရဲများ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ဧပြီ တတိယပတ်တွင် ထီးခီးဒေသနှင့်ဆက်စပ်နေသည့် ထီးထဗျူဟာစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် PDF ပူးပေါင်းတပ်များသည် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ထီးခီး စစ်ကောင်စီစခန်းကို ဆက်လက်ထိုးစစ်ဆင်ခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်နေပြီး ယခုမေလဆန်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲများ အင်အား၄၀ခန့်မှာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” ရန်သူ ထွက်ပြေးများတယ်။ တိုက်နေဆဲ။ သူတို့ မခံနိုင်လို့ ထိုင်းဘက်ထွက်ပြေး။ ရဲ၁၀ဦး ထိုင်းဘက်ထွက်ပြေး။ ၃၀ဦးက စကစ စစ်သား ထိုင်းဘက်ထွက်ပြေး”ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်နီးစပ်မှု ရှိသည့် ကရင်သတင်းရင်းမြစ်က ပြောသည်။

ကရင်ဒေသ စစ်ရေးသတင်းများ ပုံမှန်ဖော်ပြနေသည့် သတင်းရင်းမြစ်အချို့ကလည်း ထီးခီးစခန်းကို KNUတပ်မဟာ(၄)နှင့် ပူးပေါင်းအဖွဲ့က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေပြီး ရဲ ၉ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော် လက်နက်များယူပြီး ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

နယ်စပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို KNU ပူးပေါင်းတပ်များက တိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသည့် ဖြစ်စဉ်များ ယခင်ကလည်း ရှိခဲ့သည်။

ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ထီးခီးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ ထွက်ပြေးသည့် သတင်းကြားသိရဟု ပြောသည်။

တိုက်ပွဲမပြီးသေးဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပြပြီး တိုက်ပွဲ ပြီးပါက သတင်းထုတ်ပြန်လိမ့်မည်ဟု ဆိုသည်။

ထီးခီးဒေသအပါအဝင် ဒေသအခြေအနေများ မေးမြန်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။