Connect with us

Hi, what are you looking for?

သတင်း

သံတောင်ကြီး -တောင်ငူလမ်းပိုင်းကို အသုံးမပြုဖို့ KNU အသိပေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့မှတဆင့် ပဲခူးတိုင်း၊ တောင်ငူမြို့ဆီ ဆက်သွယ်ထားသည့် လမ်းပိုင်းတွေကို အသုံးမပြုဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)က အခုလ မေလ ၁ ရက်က စတင်ပြီး ပိတ်ပင်ထားတ​ယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သံတောင်ကြီး နဲ့တောင်ငူလမ်းပိုင်းကို Google Map မှာတွေ့ရပုံ ဓာတ်ပုံ - Google Map

မေ – ၉ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် သံတောင်ကြီးမြို့မှတဆင့် ပဲခူးတိုင်း၊ တောင်ငူမြို့ဆီ ဆက်သွယ်ထားသည့် လမ်းပိုင်းတွေကို အသုံးမပြုဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)က အခုလ မေလ ၁ ရက်က စတင်ပြီး ပိတ်ပင်ထားတ​ယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

KNU တပ်မဟာ(၂)၊ တပ်ရင်း(၅)ထိန်းချုပ်နယ်မြေ ထဲကို စစ်ကောင်စီတပ်ဘက်က သွားလာလှုပ်ရှားတွေ ရှိတာကြောင့် အခုလို ပိတ်ပင်တာလို့သိရပါတယ်။

မေလ ၁ ရက်ကစတင်ပြီး သံတောင်ကြီးမြို့ဘက်ကနေ တောင်ငူဘက်ဆီ အသွားအလာမလုပ်ကြဖို့ KNU တပ်ရင်း (၅) ကအသိပေးချက်ထုတ်ပြန်ထားတာပါ။

Public Service Announcement

Public Service Announcement

တားမြစ်ချက်ကို မလိုက်နာတဲ့ ကားတွေကို စစ်ဆေးတွေ့ရှိရင် KNU ရဲ့ စည်းမျည်း ၊စည်းကမ်းအတိုင်း အရေးယူမယ်လို့လည်းသတိပေးထားပါတယ်။

သံတောင်ကြီးကနေ တောင်ငူဘက်ဆီ ဆက်သွယ်ထားတဲ့ကားလမ်းနဲ့ တောလမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာကြောင့် ဒေသခံပြည်သူတွေ သွားလာရေး အခက်ကြုံနေရတယ်လို့ ကရင် သတင်းရင်းမြစ်တစ်ဦးကလည်းအသိပေးပါတယ်။

“လမ်းပိတ်တယ် ဘယ်မှသွားမရ ၊ စားစရာတွေပြတ်တယ်၊ ဓာတ်ဆီလည်းမရှိတော့ဘူး ၊မလောက်ဘူး၊ ကြာတော့ အဆင်မပြေဘူးလေ” လို့အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

မေလ ၁ ရက်ကနေ ၈ ရက်အတွင်း သံတောင်ကြီး – တောင်ငူ လမ်းပိုင်းရဲ့ ၅ မိုင် ၊ ရွှေညောင်ပင် ရွာနဲ့ မိုင် ၂၀ တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သံတောင်ကြီး – တောင်ငူလမ်းပိုင်း ၅ မိုင်နေရာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ဆိုရင် စစ်ကောင်စီတပ်ဘက် က ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့တယ်လို့ ကရင်းစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

သံတောင်ကြီး – တောင်ငူလမ်းပိုင်းမှာ စစ်ကောင်စီတပ်စခန်း ၇ ခုထက်မနည်းရှိပြီး လမ်းပိုင်းနေရာအချို့မှာ စစ်ကောင်စီတပ်နဲ့ KNU တို့ကြား နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်​မောင်း​နေရာမှစစ်သားသစ်အဖြစ်စု​ဆောင်းခံရ​သောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

Facebook