Connect with us

Hi, what are you looking for?

သတင်း

၂၈နှစ်ကြာလက်လွှတ်ခဲ့ရသည့် ထီးခီးဒေသအား KNU ပြန်လည်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းနှင့် ထီးခီးဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း KNUက ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

ထီးထာဗျူဟာစခန်း နှင့်ထီးခီးဗျူဟာစခန်းမှ သိမ်းပိုက်ရရှိထားသောလက်နက်များနှင့် တွေ့ရသော K.N.L.Aနှင့် K.N.D.Oဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ။ ဓာတ်ပုံ - KNU

မေ ၉ ၊၂၀၂၅/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းနှင့် ထီးခီးဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း KNUက ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ်နှင့် တပ်မဟာဌာနချုပ်ဟောင်းတည်ရှိရာ ထီးခီးဒေသအား အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခြင်းဟု KNU က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီးဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်းအား ပြီးခဲ့သည့် ဧပြီ ၁၉ရက် နှင့် ထီးခီးဗျူဟာစခန်းအား ယနေ့(မေ ၉ရက်) နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက် ရရှိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထီးခီးဒေသတွင် မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ် နှင့် တပ်မဟာဌာနချုပ် တည်ဆောက်ရန် ၁၉၇၄တွင် စတင်စီစဉ်ခဲ့၍ ၁၉၇၅တွင် စတင်တည်ဆောက်ခဲ့ရာ ထီးခီးဒေသတွင် ခရိုင်ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ်ရုံးများတည်ရှိပြီး ထီးထာ၌ ခရိုင်ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသော ရုံးအဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင်ခဲ့ကြသည်ဟု ထုတ်ပြန်တွင် ဖော်ပြသည်။

၁၉၉၇တွင် မြန်မာ့တပ်မတော် တပ်မ (၅၅)နှင့် တပ်မ (၆၆)ဦးဆောင်သော တပ်ရင်း (၂၀)ခန့်မှ မေဂျာအော်ပရေးရှင်းအနေဖြင့် ထီးခီးဒေသအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၉၇တွင် ထီးခီးဒေသအား လက်လွှတ်ခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် လက်လွှတ်ခဲ့ရသော ထီးခီးဒေသအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတွင်း ပြည်သူလူထုများ၏ အသက်အိုးအိမ်များကာကွယ်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု KNUက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖားအံ(ဘားအံ)ခရိုင် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီ၏ မော်ကွီးလုတပ်စခန်းကို ယနေ့(မေလ ၁၆ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လူငယ်၊လူရွယ်များကို အဓမ္မစစ်သားစုဆောင်းပြီး စစ်မြေပြင်ပို့ဆောင်နေ၍ အဆိုပါ တပ်သားများအနေဖြင့် တော်လှန်ရေးနယ်မြေရောက်ပါက စစ်ကောင်စီကို စွန့်ခွာထွက်ပြေးကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက တိုက်တွန်းသည်။

သတင်း

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို တစ်ရက်တာတိုက်ပြီး ဒီနေ့ (မေလ ၁၆ ရက်) မနက်ပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်က အပြီးသတ်ရှင်းလင်း သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်အးရုံး(KNU) ဖားအံ(ဘားအံ)ခရိုင် လှိုင်းဘွဲ့မြို့နယ် တပ်မဟာ(၇) နယ်မြေအတွင်းနှစ်ပေါင်း ၄၀နီးပါးတပ်စွဲထားသည့် စစ်ကောင်စီ၏ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU ဗဟိုက ယနေ့ (မေလ ၁၅ရက်) ထုတ်ပြန်သည်။