Connect with us

Hi, what are you looking for?

သတင်း

၂၈နှစ်ကြာလက်လွှတ်ခဲ့ရသည့် ထီးခီးဒေသအား KNU ပြန်လည်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းနှင့် ထီးခီးဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း KNUက ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

ထီးထာဗျူဟာစခန်း နှင့်ထီးခီးဗျူဟာစခန်းမှ သိမ်းပိုက်ရရှိထားသောလက်နက်များနှင့် တွေ့ရသော K.N.L.Aနှင့် K.N.D.Oဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ။ ဓာတ်ပုံ - KNU

မေ ၉ ၊၂၀၂၅/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းနှင့် ထီးခီးဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း KNUက ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ်နှင့် တပ်မဟာဌာနချုပ်ဟောင်းတည်ရှိရာ ထီးခီးဒေသအား အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခြင်းဟု KNU က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီးဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်းအား ပြီးခဲ့သည့် ဧပြီ ၁၉ရက် နှင့် ထီးခီးဗျူဟာစခန်းအား ယနေ့(မေ ၉ရက်) နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက် ရရှိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထီးခီးဒေသတွင် မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ် နှင့် တပ်မဟာဌာနချုပ် တည်ဆောက်ရန် ၁၉၇၄တွင် စတင်စီစဉ်ခဲ့၍ ၁၉၇၅တွင် စတင်တည်ဆောက်ခဲ့ရာ ထီးခီးဒေသတွင် ခရိုင်ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ်ရုံးများတည်ရှိပြီး ထီးထာ၌ ခရိုင်ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသော ရုံးအဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင်ခဲ့ကြသည်ဟု ထုတ်ပြန်တွင် ဖော်ပြသည်။

၁၉၉၇တွင် မြန်မာ့တပ်မတော် တပ်မ (၅၅)နှင့် တပ်မ (၆၆)ဦးဆောင်သော တပ်ရင်း (၂၀)ခန့်မှ မေဂျာအော်ပရေးရှင်းအနေဖြင့် ထီးခီးဒေသအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၉၇တွင် ထီးခီးဒေသအား လက်လွှတ်ခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် လက်လွှတ်ခဲ့ရသော ထီးခီးဒေသအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတွင်း ပြည်သူလူထုများ၏ အသက်အိုးအိမ်များကာကွယ်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု KNUက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook