Connect with us

Hi, what are you looking for?

သတင်း

ထိုင်းပြည်သူများနှင့် အိမ်နီးချင်းကောင်းပီသစွာ နေထိုင်ရန်အသင့်ဖြစ်ကြောင်း နယ်စပ်ရှိ ထီးခီးစခန်းသိမ်းပိုက်ပြီးနောက် KNU ထုတ်ပြန်

စစ်ကောင်စီက ထိုင်းနယ်စပ် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားနည်းပညာဖြင့် ၁၁၀ မက်ဂါဝပ်အနုမြူစက်ရုံတည်ဆောက်မည်ဟုဆို

ထီးထာဗျူဟာစခန်း နှင့်ထီးခီးဗျူဟာစခန်းမှ သိမ်းပိုက်ရရှိထားသောလက်နက်များနှင့် တွေ့ရသော K.N.L.Aနှင့် K.N.D.Oဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များအောင်ပွဲခံနေစဉ်။ ဓာတ်ပုံ - KNU

မေ ၁၀၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် အတိတ်နှင့် ပစ္စုပ္ပန်ကာလအတွင်း ထိုင်းနိုင်ငံပြည်သူများနှင့်သဟာဇာတဖြစ်စွာ နေထိုင်ခဲ့ကြသကဲ့သို့ နောင်အနာဂါတ်တွင်လည်း လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုတို့ဖြင့် အိမ်နီးချင်းကောင်းပီသစွာ နေထိုင်ရန် အသင့်ဖြစ်ကြောင်း ကတိကဝတ်ပြုသည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

မေလ ၉ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးခီးစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် ယင်းနေ့ရက်စွဲဖြင့် ထီးခီးစစ်ရေးအခြေအနေနှင့် ပက်သက်၍ ထိုင်း-မြန်မာနယ်စပ်တလျှောက်နေထိုင်သော ထိုင်းပြည်သူများသို့ အသိပေး ပန်ကြားချက်ကို ထုတ်ပြန်ခဲ့ရာ KNU ဗဟို သတင်းပြန်ကြားရေးက ယနေ့တွင် ဖော်ပြသည်။

“မိမိတို့သည် ထိုင်းနိုင်ငံနှင့် ထာဝရ ငြိမ်းချမ်းပြီး အတူတကွ ပူးပေါင်းဆောင်ရွကသည့် ဆက်ဆံရေး သဘောထားအပေါ်မိမိတို့ ရပ်တည်ကြောင်း နှင့် ထိုင်းပြည်သူများထံမှ နားလည်မှုကိုလည်း မိမိတို့အနေဖြင့် မျှော်လင့်ကြောင်း ထုတ်ပြန် အပ်ပါသည်”ဟု KNU မြိတ်-ထားဝယ် ခရိုင်၏ ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မေလ ၂ရက်မှစ၍ ထီးခီးစခန်းကို စတင် ထိုးစစ် ဆင်ခဲ့သည့် KNU တပ်မဟာ(၄) မဟာမိတ်ပူးပေါင်းတပ်သည် တိုက်ပွဲ ၈ရက်အကြာတွင် ထီးခီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

KNU၏ မြိတ်-ထားဝယ်ခရိုင်နယ်မြေကို မြန်မာစစ်တပ်က ၁၉၉၇ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရေးပဋိပက္ခများနှင့် ဒေသခံပြည် သူများ၏ နေရပ်ရွှေ့ပြောင်းရခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ KNU တပ်မဟာ (၄) အနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ဒေသခံပြည်သူများ၏ လုံခြုံရေးအား အာမခံချက်ရှိစေရန် မြိတ် – ထားဝယ်ဒေသရှိ ထီးခီးစစ်အခြေစိုက်စခန်းကို ပြန်လည်ထိန်းချုပ်ခြင်းသည် မဖြစ်မနေလိုအပ်ကြောင်း ယုံကြည်သည်ဟု ဖော်ပြသည်။

ပြည်သူများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် မြန်မာ့စစ်တပ်၏အကြမ်းဖက်မှုများမှ လွတ်မြောက် စေရန်အတွက် စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်းလည်း ကြေညာချက် ၌ပါရှိသည်။

ထို့ပြင် မြန်မာနှင့် ထိုင်းပြည်သူများအတွက် လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် ကောင်းမွန်သောဘဝ နေထိုင်မှုအတွက်အလွန်စိုးရိမ်ပူပန်ရသည့် စစ်အာဏာရှင်အစိုးရ၏ စီမံကိန်းသတင်းကိုလည်း ယခုထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်တွင် သတင်းမီဒီယာမှ တဆင့် ဖော်ပြခဲ့သည့် မြန်မာစစ်အာဏာရှင် အစိုးရက ရုရှားနည်းပညာဖြင့် ၁၁၀ မက်ဂါဝပ် အနုမြူဓါတ်အားပေး စက်ရုံတစ်ခု တည်ဆောက်မည့်သတင်းကြောင့် နှစ်နိုင်ငံ ပြည်သူများအတွက် စိုးရိမ်ရသည်ဟုလည်း အသိပေးသည်။

လက်ရှိအနေအထားတွင် တည်ဆောက်နိုင်သော နေရာနှစ်ခုကို ဖော်ပြထားပြီး ၎င်းနေရာများမှာ ပဲခူးဒေသ အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် တနင်္သာရီတိုင်း၊ထားဝယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့တွင် ဖြစ်ကြောင်းအသိပေးသည်။

KNUနှင့် အကြမ်းဖက်စစ်ကောင်စီကြား စစ်ရေးတင်းမာမှုအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နိုင်ချေ နှင့် နောက်ဆွဲတွဲ အကျိုးသက်ရောက်မှုများအား လေးနက်စွာ သုံးသပ်ခဲ့ပြီး ထိခိုက်နိုင်ချေများအား လျှော့ချနိုင်မည့်နည်းလမ်းများအား အစွမ်းကုန်စီမံခဲ့ကြောင်းလည်း အသိပေးထုတ်ပြန်သည်။

ကြေညာချက်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး မေးမြန်းရန် KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားထံ ဆက်သွယ်ထားဆဲဖြစ်သည်။

KNUသည် တပ်မဟာ(၄)၊ တပ်မဟာ(၇) နယ်မြေ အပါအဝင် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။