Connect with us

Hi, what are you looking for?

သတင်း

ထီးခီးဗျူဟာစခန်းသိမ်းတိုက်ပွဲ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၄ဦး ကျဆုံး

ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီထီးခီးဗျူဟာ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၄ဦး ကျဆုံးခဲ့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးခီးဗျူဟာစခန်းမှ သိမ်းပိုက်ရရှိထားသောလက်နက်များနှင့် တွေ့ရသော K.N.L.Aနှင့် K.N.D.Oဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များအောင်ပွဲခံနေစဉ်။ ဓာတ်ပုံ - KNU

မေ ၁၀၊၂၀၂၅။ထားမြတ်/People’s Spring

ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီထီးခီးဗျူဟာ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၄ဦး ကျဆုံးခဲ့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးခီးဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးရဲဘော်များအား KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌက ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း မှတ်တမ်းလွှာထုတ်ပြန်ခဲ့ရာ ကျဆုံးရဲဘော်အရေအတွက်ကို ပဒိုစောအယ်နားက အတည်ပြု ပြောခြင်းဖြစ်သည်။

စခန်းသိမ်းစစ်ဆင်ရေးအတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇)မှ တပ်ကြပ်ကြီး စောခါးခါး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း(ဖက်ဒရယ်စစ်ကြောင်း)မှ တပ်ခွဲမှူး ကိုမြင့်မိုး၊ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းမှ ရဲဘော် ဇေယျာမင်းထက်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၀၃)မှ ရဲဘော် စောလင်းရောင် တို့ ကျဆုံးခဲ့ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်၍ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်လိုသည့် ကျဆုံးရဲဘော်များ၏ ပေးဆပ်မှုကို KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)မှ လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း ခရိုင် ဥက္ကဋ္ဌ၏ ဂုဏ်ပြု မှတ်တမ်းလွှာ၌ ဖော်ပြထားသည်။

KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ထိုင်း – မြန်မာနယ်စပ်ရှိ ထီးခီးဗျူဟာစစ်ကောင်စီစခန်းကို မေလ ၂ရက် တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၈ရက်မြောက် မေလ ၉ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ အလက် (၃၀)ခန့် နှင့် ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်သွားဟု ပဒိုစောအယ်နားက ပြောထားသည်။

မေလ ၉ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးခီးစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် ယင်းနေ့ရက်စွဲဖြင့် ထီးခီးစစ်ရေးအခြေအနေနှင့် ပက်သက်၍ ထိုင်း-မြန်မာနယ်စပ်တလျှောက်နေထိုင်သောထိုင်းပြည်သူများသို့အသိပေးပန်ကြားချက်ကို ထိုင်း၊မြန်မာ၊ အဂ်လိပ် သုံးဘာသာဖြင့် ထုတ်ပြန်ခဲ့ရာ KNU ဗဟို သတင်းပြန်ကြားရေးက ယနေ့တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် အတိတ်နှင့် ပစ္စုပ္ပန်ကာလအတွင်း ထိုင်းနိုင်ငံပြည်သူများနှင့်သဟာဇာတဖြစ်စွာ နေထိုင်ခဲ့ကြသကဲ့သို့ နောင်အနာဂါတ်တွင်လည်း လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုတို့ဖြင့် အိမ်နီးချင်းကောင်းပီသစွာ နေထိုင်ရန် အသင့်ဖြစ်ကြောင်း ကတိကဝတ်ပြုသည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို