Connect with us

Hi, what are you looking for?

သတင်း

မိုင်းငေါ့မြို့စာသင်ကျောင်းအနီး စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲပြန်

စစ်ကောင်စီက ယနေ့တရက်တည်း ဒီပဲယင်းနှင့် မော်လူးမြို့ရှိ ကျေးရွာစာသင်ကျောင်းကိုလည်း လေကြောင်း တိုက်ခိုက်

မေ ၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

မြို့နယ်များပြားကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီက ယနေ့(မေလ ၁၂ရက်) ညပိုင်းတွင် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသရှိ မိုင်းငေါ့မြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီးကို စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ ည ၇နာရီ၄၀မိနစ် နှင့်၇နာရီ၄၂မိနစ်တို့တွင် ဗုံး(၂)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

“ရမ်းပစ်နေတာမို့ ဗုံးခိုကျင်းထဲဝင်ပြီး ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်ထားရတယ်”ဟု မိုင်းငေါ့မြို့ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် မေလ ၅ရက် ညကလည်း မိုင်းငေါ့မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကာလ ၂၀၂၄ ဒီဇင်ဘာတွင် TNLAက သိမ်းယူထားသည့် မြို့ဖြစ်သည်။

ယနေ့ညက လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်မှုရှိမရှိမသိရသေးပေ။

မိုးကုတ်မြို့အပါအဝင် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များမှ ထွက်ခွာပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ ပြန်ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုထားသည်။

တရုတ်နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈နှင့် ၂၉ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌တွေ့ဆုံဆွေးနွေးခဲ့စဥ်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ခံမည်မဟုတ်ကြောင်း TNLAက မေလ ၅ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့၊ နောင်ချ်ိုမြိုတို့ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ကူမင်းဆွေး‌‌တွေးပွဲတွင် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆွေးနွေးခဲ့ကြကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်နေပြီး ဒေသခံပြည်သူများ လေကြောင်းရန်သတိပြုကြရန် TNLAက သတိပေးထားသည်။

ယနေ့(မေ ၁၂ ရက်)တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ချောင်းဦးမြို့နယ်တို့၌လည်း စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုများရှိခဲ့ကာ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာစာသင်ကျောင်းကို လေယာဥ်ဖြင့်ဗုံးကြဲရာတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ဦး စုစုပေါင်း၂၂ ဦးသေဆုံးပြီး ၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ချောင်းဦးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း အရပ်သားနှစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ ဟဲနုကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ပြည်သူနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း Indaw Revolution-IR က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

Facebook