Connect with us

Hi, what are you looking for?

သတင်း

တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ KNU သိမ်းယူ

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။

တာလေဗျုဟာစခန်းတည်နေရာ Google Earthတွင်ကိုတွေ့ရပုံ/ ထိုင်းစစ်တပ်က လုံခြုံ​ရေးမြှင့်ထားပြီး နယ်စပ်အနီးတိုက်ပွဲကို​စောင့်ကြည့်​နေစဥ်။ ။ဓါတ်ပုံ-Khaosod

မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။

တာလယ်ဗျူဟာစခန်းကို KNU က အပြီးသတ်သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ဝန်းကျင်သေဆုံးသလို ၂၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

KNU ဘက်ကလည်း တပ်မဟာ (၇)လက်အောက်ခံ တပ်ရင်း (၁၀၁) က တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ တပ်မဟာ (၇) စစ်ရေးလှုပ်ရာန​ယ်မြေထဲက တာလယ်ကျေးရွာအနီးမှာရှိတဲ့ ဗျုဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့က မေလ ၉ ရက်က စတင်တိုက်ခိုက်နေတာပါ။

ထိုင်းနယ်စပ်အနီးက တခေါဘီခွီးစခန်းကို သိမ်းယူလိုက်တဲ့ မေလ ၉ ရက် ညပိုင်းမှာ ပဲ တာလယ်ဗျုဟာစခန်းကို KNU က တပါတည်း တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ တာလယ်ဗျုဟာစခန်းဟာအဲဒီ ဒေသတွင်းမှာ အကြီး ဆုံးစခန်းလည်းဖြစ်ပါတယ်။

တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်ဘက်ကလည်း စခန်းလက်မလွှတ်ရဖို့ နေ့စဉ်နီးပါး လေကြောင်းကနေ ပစ်ကူပေးပြီး ခုခံခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့် တာလယ်ကျေးရွာ ဒေသခံရွာသူ၊ရွာသားတွေ ရွာလုံးကျွတ် နီးပါး ထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

တာလယ်စစ်ဗျူဟာစခန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ သတ်မှတ်ချက်အရ ဘားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ ပိုင်ကျုံမြို့မှာ ရှိပြီး အဲဒီ ဒေသထဲ က ထိုင်းနယ်စပ်အနီးရှိ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်းတွေကို အခုနှစ်အတွင်း KNU ကဆက်တိုက်ဆိုသလို သိမ်းယူထားပါတယ်။

တာလယ်ဗျုဟာစခန်းကျပြီးနောက်မှာ ပိုင်ကျုံ နယ်မြေမှာ မော်ဖိုးခီ(မော်ဖိုးကေ)၊ မယ်လ နဲ့ နော်တရာတောင်စခန်းတို့ ပဲ ကျန်ရှိပါတော့တယ် ။

လက်ကျန်တပ်စခန်းတွေဆီ စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ကူ မလွှတ်နိုင်တော့ဘဲ လေကြောင်းပစ်ကူကိုသာပေးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အသိပေးပါတယ်။

ထိုင်းနယ်စပ်အနီးက တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။