Connect with us

Hi, what are you looking for?

သတင်း

KNU ဗဟို နိုင်ငံရေး ၊ စစ်ရေး အကြံပေး ဗိုလ်မှူးကြီးထူးထူးလေး ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ နိုင်ငံရေး စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ထူးထူးလေးသည် မေလ ၁၇ရက် တွင် ကွယ်လွန်သွားသည်။

​​မေ-၁၈၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ နိုင်ငံရေး စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ထူးထူးလေးသည် မေလ ၁၇ရက် တွင် ကွယ်လွန်သွားသည်။

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သော ဗိုလ်မှူးကြီး ထူးKNU ဗဟို နိုင်ငံရေး ၊ စစ်ရေး အကြံပေး ဗိုလ်မှူးကြီးထူးထူးလေး ကွယ်လွန်ထူးလေးသည် မေလ ၁၇ရက် ည ၁၀နာရီခွဲခန့်တွင် နယ်စပ်တနေရာ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“သူက တော်လှန်ရေးစဝင်ကတည်းက ဗဟိုကော်မတီရယ်ဗဟိုအလုပ်အမှုဆောင် အဆင့်ဆင့် တာဝန်ထမ်းဆောင်တာပေါ့။ နောက်ဆုံး ကျန်းမာရေး အခြေအနေအရ သူ ကွန်ဂရက်ဆက်မဝင်တော့ဘဲနဲ့ KNU ရဲ့ နိုင်ငံရေး စစ်ရေး အကြံပေး တာဝန်ပေးထားတာပေါ့။ ဗိုလ်ချုပ် မူတူး စတက်တဲ့အချိန်မှာပေါ့” ဟု KNU သတင်းရင်းမြစ်တဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လွတ်လပ်သော ကရင်သမိုင်း သုတေသနဌာနအသင်းကလည်း ဗိုလ်မှူးကြီးထူးထူးလေး၏ နိုင်ငံရေးဖြတ်သန်းမှု အခြေအနေကို အသိပေးထားရာ ၁၉၇၉ ခုနှစ်တွင် (KNU) ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ (၆) သို့ရောက်ရှိ ကော့မူးရာ အခြေစိုက် အမှတ် (၁၀၁) တပ်ရင်း တွင် တပ်သားအဖြစ်စာရင်းသွင်းခဲ့သည်။ ၁၉၈၀ မတ်လတွင် ဗိုလ်ကြီးဇော်ထူး ဦးဆောင်ပြီး အင်အား(၆၀)ခန့် နှင့်အတူ ဖာပွန်ဒေသ ရှေ့တန်းစစ်မျက်နှာသို့ တာဝန်ပေးခြင်း ခံရပြီး ဧပြီလတွင် အမှတ်(၁) တပ်မဟာ ကတိုင်တိ ဒေသတွင် ရန်သူနှင့် တိုက်ပွဲ ဖြစ်ပွားပြီး နားတွင် ဒဏ်ရာ ရခဲ့သဖြင့် မာနယ်ပလော ဋ္ဌာနချုပ်သို့ ပြန်လာကာ ဆေးကုသမှု ခံယူခဲ့သော်လည်း ဘယ်ဘက်နား တဖက်မှာမူ လုံးဝ မကြားရ​တော့ကြောင်​ဖော်ပြထားသည်။

ထို့နောက်ဗိုလ်ကြီးအဆင့် ရာထူး တိုးမြှင့်ခန့်ခြင်း ခံရပြီး တရားစီရင်ရေးဋ္ဌာနသို့ ပြောင်းရွှေ့ ခန့်ထားခဲ့ပြီး KNDO ကာကွယ်ရေးဋ္ဌာနကိုပါ ကူညီရန် တွဲဖက်တာဝန်ပေးခဲ့သည်ဟုသိရသည်။ထို့အပြင် ဘားအံခရိုင် အမှတ်(၇) တပ်မဟာ ဒေသရှိ၊ ခရိုင်တရားသူကြီး ပဒိုမန်းသိန်းကိုလည်း အကြံပေးကူညီရန် တာဝန်ပေးအပ်ခြင်း ခံရသည်။

၁၉၈၄ ခုနှစ် တွင် ကရင်ဒုက္ခသည်ကော်မတီ တွဲဘက် အတွင်းရေးမှူး ဖြစ်လာခဲ့သည်ဟု ဖော်ပြသည်။ ၁၉၈၆ ခုနှစ်တွင် KNU ကရင်အမျိုးသားအစည်းအရုံးတွင် ဗဟို ကော် မတီဝင် အဖြစ် ရွေးချယ်ခြင်း ခံရပြီး ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလတွင် ဗိုလ်မှူးကြီး အဆင့်သို့ ရာထူးတိုးမြှင့်ခြင်းကို ခံရကြောင်း၊ KNDO ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ် ရာထူးခန့်အပ်ခံရသည့် အပြင် တရားရေးဋ္ဌာနတွင် တရားရေးဋ္ဌာန တာဝန်ခံ အဖြစ်လည်း ခန့်အပ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

၁၉၉၅ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့တွင် ကျင်းပသော KNU ကရင်အမျိုးသားအစည်းအရုံး (၁၁) ကြိမ် မြောက်ကွန်ဂရက်တွင် KNUကရင်အမျိုးသားအစည်းအရုံး၊အထွေထွေအတွင်းရေးမှူး (၂)အဖြစ် ရွေးချယ်တင် မြှောက်ခံရပြီး ၁၂ ကြိမ်မြောက်ကွန်ဂရက်တွင် KNU ၏ အထွေထွေ အတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်ခံခဲ့ရသည်။

၂၀၀၄ ခုနှစ်၁၃ကြိမ်မြောက်ကွန်ဂရက်တွင် တွဲဖက်အတွင်းရေးမှူး(၁) အဖြစ် ပြန်လည်အရွေးခံရပြီး ၂၀၁၂ ခုနှစ် ၁၄ကြိမ်မြောက် ကွန်ဂရက်တွင် ဝင်ရောက် အရွေးခံခြင်းမပြုတော့ပေ။ ယင်းကွန်ဂရက်တွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဥက္ကဋ္ဌဖြစ်လာပြီး စောထူးထူးလေးအား KNU ဥက္ကဋ္ဌ၏ စစ်ရေးနှင့်နိုင်ငံရေးအကြံပေးအဖြစ် တရားဝင် ခန့်အပ်ခဲ့ကြောင်း လွတ်လပ်သော ကရင်သမိုင်း သုတေသနဌာနအသင်းက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook