Connect with us

Hi, what are you looking for?

သတင်း

ဖာပွန် က လယ်မူပလောတပ်စခန်းကို KNU ပိတ်ဆို့တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ လူသောမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ လယ်မူပလောတပ်စခန်း ကို KNU တပ်မဟာ (၅) က ဝန်းရံပိတ်ဆို့ထားပြီး စတင်တိုက်ခိုက်နေပြီလို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

KNU တပ်ဖွဲ့ဝင်တွေကို တွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU

မေ – ၁၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ လူသောမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ လယ်မူပလောတပ်စခန်း ကို KNU တပ်မဟာ (၅) က ဝန်းရံပိတ်ဆို့ထားပြီး စတင်တိုက်ခိုက်နေပြီလို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်မြို့နယ် မြောက်ဘက် မှာရှိတဲ့ ဒေသအခေါ် ထော်မူပလဲမဲ စခန်း( လယ်မူပလော ) ကို KNU တပ်မဟာ (၅) ဦးဆောင်တဲ့ပူးပေါင်းတပ်က အခု မေလ ၁၀ ရက်က စတင်ပြီး ဝန်းရံပိတ်ဆို့ထားတာပါ။

လက်ရှိမှာတော့စခန်း ကို စနိုက်ပါ၊ဒရုန်း၊ လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“တက်တိုက်တာတော့ မရှိသေးပါဘူး၊ သူပစ်တော့ အပြန်အလှန်ပေါ့နော်၊ ဟိုဘက်ကလည်းပစ်တယ် ၊ဒီဘက်ကလည်းပဲ ပစ်တာာပေါ့” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

KNU တပ်မဟာ (၅) စစ်ရေးလှုပ်ရှားရာနယ်မြေဖာပွန်ဒေသမှာရှိတဲ့ တပ်စခန်းကို ဝန်းရံပိတ်ဆို့ထားပြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိသလို ၊စစ်ကောင်စီတပ် ကလည်း မြေပြင်မှာပိတ်ဆို့ခံရချိန် လေကြောင်းသုံးပြီး တိုက်ခိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖာပွန်ခရိုင်ထဲမှာ KNU တပ်မဟာ (၅) နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပေါင်း ၁၄၀ ခန့် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့စာရင်းတွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။