Connect with us

Hi, what are you looking for?

သတင်း

အိုးတိန်တွင်းရွာကျောင်းဗုံးကြဲခံရမှုကြောင့် ထိခိုက်သူများကို စိတ်ဒဏ်ရာကုစား​​ပေးနိုင်​ရေး ကြိုးပမ်း

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများ၏ စိတ်ဒဏ်ရာကုစားရေးအတွက်အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) နှင့် ပညာရှင်များက နှစ်သိမ့်ဆွေးနွေးပေးခဲ့ကြသည်။

အိုးတိန်တွင်းရွာစာသင်​ကျောင်း ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-AFP

​မေ-၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများ၏ စိတ်ဒဏ်ရာကုစားရေးအတွက်အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) နှင့် ပညာရှင်များက နှစ်သိမ့်ဆွေးနွေးပေးခဲ့ကြသည်။

အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆရာမ(၂) ဦး၊ ကျောင်းသား၊​ကျောင်းသူ (၂၂)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသည့် ကျောင်းသား၊ ကျောင်းသူနှင့်ဆရာ၊ ဆရာမ စုစုပေါင်း (၁၀၅) ဦးခန့်ရှိသည်ဟု MOHADMက ယနေ့ မေလ ၂၁ရက်၌ သတင်းထုတ်ပြန်သည်။

ကျူးလွန်ခံရသည့်မိသားစုများနှင့်အရွယ်မရောက်သေးသည့်ကလေးငယ်များကို နှစ်သိမ့်ဆွေးနွေးခြင်းနှင့် စိတ်ခွန်အားပေးခြင်းကို ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့်ပူးပေါင်းလုပ်ကိုင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဆင်ခြင်ဉာဏ်ကင်းမဲ့သည့်အကြမ်းဖက်စစ်တပ်နှင့်၎င်း၏ လက်ပါးစေများကြောင့် အပြစ်မဲ့ကလေးငယ်များနှင့် ရွာသူရွာသားများမှာ အတိုင်းအဆမဲ့ထိခိုက်ခံစားကြရသည်”ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

အွန်လိုင်းမှတဆင့် ပြုလုပ်သည့် နှစ်သိမ့်ဆွေးနွေးမှုကို MOHADM ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ကလေးစိတ်ပညာဆိုင်ရာကျွမ်းကျင်ဆရာဝန်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ထိခိုက်ခံစားရသည့် မိသားစုဝင်များ၊ ကလေးသူငယ်များနှင့် ဆရာ/မများကို နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် စိတ်ဖိစီးမှုများနှင့်ထိတ်လန့်ကြောက်ရွံ့မှုများလျော့ပါးစေရန် ပြုလုပ်ရမည့်နည်းလမ်းများကို မျှဝေပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

“စိတ်ဒဏ်ရာတွေကြီးကြီးမားမားရထားကြတယ်။ သူတို့ကိုတော်တော်လေးဂရုစိုက်‌ထားရတယ်။ ကုစားဖို့မလွယ်ပေမယ့် အားလုံးဝိုင်းပြီးကြိုးစားနေကြပါတယ်”ဟုဒီပဲယင်းမြို့ဒေသခံတဦးကပြောသည်။

ထို့အပြင်စစ်ကောင်စီ၏အကြမ်းဖက်တိုက်ခိုက်မှုအတွက်တရားမျှတမှု ပြန်လည်ရရှိစေရေးအတွက် မှတ်တမ်းအထောက်အထားများရယူစုဆောင်းနေသည်ဟုလည်း MOHADMက အသိပေးထားသည်။

လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံး၊ ဒဏ်ရာရသူများအတွက် လူသားစာနာဝန်ကြီးဌာနကထောက်ပံ့ငွေကျပ် ၁၀၅သိန်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် အလှူရှင်များကလှူဒါန်းငွေကျပ် သိန်း၁၃၀၊ စုစုပေါင်း ငွေကျပ်၂၃၅သိန်းကိုထိခိုက်ခံစားရသည့် မိသားစုဝင်များထံသို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်းလည်းသတင်းရရှိသည်။

အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကိုမေလ ၁၂ရက် နံနက် ၉နာရီ၃၅ မိနစ်အချိန်ခန့်တွင်စစ်တပ်က ဗုံးကြဲခဲ့ခြင်းဖြစ်သည်။တိုက်ခိုက်မှုအား ကျူးလွန်သူ၊ စေခိုင်းသူ၊ အားပေးသူ၊ ပုံဖျက်သူ မည်သူကိုမဆို ပြတ်ပြတ်သားသား သတ်မှတ်သွားမည်ဖြစ်ပြီး တိုင်းပြည်၏ အနာဂါတ်မျိုးဆက်ကလေးငယ်များကို ဦးတည်တိုက်ခိုက်သော စစ်ကောင်စီအား တတ်နိုင်သည့်ဖက်မှတွန်းလှန်တိုက်ခိုက်ပေးကြရန် ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook