Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီအပစ်ရပ်သက်တမ်းတိုးကြေညာပြီးစဉ့်ကူးမြို့နယ်ကိုဗုံးကြဲ အမျိုးသမီး ၃ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်ကောင်စီက ဇွန်လကုန်အထိ အပစ်ရပ်ထပ်မံ သက်တမ်းတိုးကြောင်းကြေညာခဲ့သော်လည်း ဇွန်လ ၁ရက်တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ နှင့် နတ်တောင်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်သည်။

ဗုံးကြဲခံရပြီး​နောက် Lucky 7 ဟိုတယ်အနီးဝန်းကျင်၌ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ

■စစ််​ကောင်စီက ဇွန် ၁ ရက်တွင် သပိတ်ကျင်းနှင့် စဥ့်ကူး မြို့နယ်တို့ကိုဗုံးကြဲ

ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ဇွန်လကုန်အထိ အပစ်ရပ်ထပ်မံ သက်တမ်းတိုးကြောင်းကြေညာခဲ့သော်လည်း ဇွန်လ ၁ရက်တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ နှင့် နတ်တောင်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်သည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲဲ ၂နာရီခွဲတွင်နွယ်ရုံရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုမရှိသော်လည်း အဆောက်အဦး ၂ခု ပျက်စီးခဲ့သည်။ အလားတူ မိနစ်အနည်းငယ်အကြာတွင် နတ်တောင်ကျေးရွာ Lucky 7 ဟိုတယ် ကို ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ဦး ဒဏ်ရာရရှိခဲ့ပြီး တဦးသည် ပြင်းထန်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးကြောင့် စစ်ကောင်စီက ဧပြီလဆန်းမှစ၍ အပစ်ရပ်စဲရေးကြေညာခဲ့သော်လည်း ပြင်ဦးလွင်ခရိုင်အတွင်းရှိ သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူအများအပြား သေဆုံး ဒဏ်ရာရခဲ့သည်။

စဉ့်ကူးမြို့နယ်သည်ငလျင်ဘေးသင့်ဒေသဖြစ်ပြီး မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ၃၆ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ငလျင်အပြီးတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ပြည်သူ ၇ဦးထက်မနည်း သေဆုံးကာ ၃၃ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ထိုအပြင်စစ်ကောင်စီသည်သပိတ်ကျင်းမြို့နယ်ကိုလည်းဇွန် ၁ ရက်​နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပျက်စီးခဲ့သည်။

စစ်ကောင်စီ အပစ်ရပ်ကြေညာခဲ့သည့် ၂လ ကျော်အတွင်း သပိတ်ကျင်းမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ ပြည်သူ ၄၀ကျော်သေဆုံးခဲ့ပြီး ၈၀ ဦးကျော် ဒဏ်ရာရခဲ့သည်။

ငလျင်ဘေးအကြောင်းပြ အပစ်ရပ်စဲခဲ့သည့် စစ်ကောင်စီသည် ၎င်း အပစ်ရပ်စဲရေးကြေညာထားသည့် နှစ်လ ကျော်အတွင်း နိုင်ငံတဝန်း လေ

ကြောင်း တိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော် ပြုလုပ်ခဲ့ရာ ပြည်သူ ၃၀၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

သတင်း

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။