Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့လယ်ခေါင် ဓားပြတိုက်မှုဖြစ်ပြန်

MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်ပြန်ဝင်လာသည့် လားရှိုးမြို့တွင် ဓားပြတိုက်လုယက်မှုများမကြာခဏဖြစ်ပွား​နေရာ ယနေ့(ဇွန်လ၁၂ ရက်) နေ့ခင်းပိုင်းတွင် မြို့လယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်မှုထပ်မံဖြစ်ပွားသည်။

လားရှိူးမြိူ့လယ်တ​စ်​နေရာ ။ဓါတ်ပုံ-စစ်​ကောင်စီ

ဇွန်-၁၂၊၂၀၂၅။စိုင်းနန်/People’s Spring

MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်ပြန်ဝင်လာသည့် လားရှိုးမြို့တွင် ဓားပြတိုက်လုယက်မှုများမကြာခဏဖြစ်ပွား​နေရာ ယနေ့(ဇွန်လ၁၂ ရက်) နေ့ခင်းပိုင်းတွင် မြို့လယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်မှုထပ်မံဖြစ်ပွားသည်။

မွန်းလွဲ ၂နာရီခွဲခန့်တွင် လားရှိုးမြို့၊ မန်ဆူကျောင်းရှေ့ရှိ ဖုန်းဆိုင်ကို အိမ်စီးကားဖြင့်လာရောက်သူငါဦးက သေနတ်ပြ၍ ဓားပြတိုက်ပြီး အိုင်ဖုန်းအချို့အပါအဝင် ဖုန်းအများအပြား ယူဆောင်သွားသည်ဟု မြို့ခံတစ်ဦးကပြောသည်။

“လွယ်လွယ်လေးပဲ တိုက်သွားတာ။စစ်ကောင်စီက သူတို့တောင် နေရာမချနိုင်သေးတာ ကျန်တာ ဘာမှမလုပ်နိုင်သေးဘူး။ ခိုးဆိုးလုယက်တွေ ပေါမှပေါပဲ”ဟုဒေသခံမျိုးသမီးတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဓားပြတိုက်လုယက်မှုတွင် ဖုန်းအားလုံးဆုံးရှုံးခဲ့ပြီး ဆိုင်ရှင်နှင့်ဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့ကြောင်း ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

“ကျနော့ဆိုင်ဓါးပြတိုက်ခံလိုက်ရပါတယ်။iPhoneပါကင် second အကုန်ပါသွားပါတယ်။ပိုက်ဆံတွေလဲ ပါသွားပါတယ်”ဟု ဆိုင်ရှင်က ရေးသားထားသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAA နှင့် ပူး​ပေါင်းတပ်များက၂၀၂၄ သြဂုတ်လဆန်းတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ် အုပ်ချုပ်နေစဉ် တရုတ်၏ ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်သည်။ မြို့ပေါ်ရပ်ကွက် ၁၂ခုကိုသာ MNDAA က ပြန်ပေးခြင်းဖြစ်ပြီး ဧပြီလ ၁၉ရက်မှစ၍လားရှိုးမြို့သို့ စစ်ကောင်စီတပ် ပြန်ဝင်လာခဲ့သည်။ လဝကဌာန၊ ဆေးရုံ၊ပညာရေးရုံးတို့ဖွင့်လှစ်ထားပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်အောင် စစ်ကောင်စီကကြိုးစားနေသည်။

သို့​သော်စစ်ကောင်စီသည်လားရှိုးမြို့ကိုမအုပ်ချုပ်နိုင်သေးဘဲ တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေဖြစ်နေသည်ဟု မြို့ခံအချို့ကပြောသည်။

စစ်ကောင်စီပြန်ဝင်လာသည့် ဧပြီလ ၂၀ ရက်‌နောက်ပိုင်း ဓားပြတိုက်မှု ၁၅ မှုထက်မနည်းဖြစ်ခဲ့ပြီး တရားခံဖမ်းမိခြင်းမရှိသလိုတိုင်စရာနေရာလည်းမရှိကြောင်း မြို့ခံများကပြောသည်။

လားရှိုးမြို့တွင် နေ့ခင်းပိုင်းများ၌ပါ ဓားပြတိုက်မှုများဖြစ်ပွားနေ၍ သတိပြုနေထိုင်ကြရန် စစ်တပ်ထောက်ခံသူများကိုယ်တိုင် သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။