Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကျူးလွန်နေသည့်အကြမ်းဖက်မှုမှတ်တမ်းများစွာရှိပြီး ပြန်လည်တာဝန်ခံရမည်ဟု KNU ပြော

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှု မှတ်တမ်းများစွာ ရှိပြီး အဆိုပါ အကြမ်းဖက်မှုများအတွက် တနေ့ ပြန်လည်တာဝန်ခံရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားသည်။

စစ်တပ်​၏ ပစ်ခတ်တိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရပြည်သူတဦး ။ဓါတ်ပုံ-KNU

ဇွန်-၁၆၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှု မှတ်တမ်းများစွာ ရှိပြီး အဆိုပါ အကြမ်းဖက်မှုများအတွက် တနေ့ ပြန်လည်တာဝန်ခံရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားသည်။

စစ်ကောင်စီကKNUတပ်မဟာ(၆)နယ်မြေဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ပိုင်ရပ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဇွန်လ ၉ရက်တွင် လေကြောင်း မှဗုံးကြဲခဲ့ရာ ကလေးငယ် ၃ဦး အပါအဝင် ၅ဦးသေဆုံးကာ ၂၂ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့စစ်တပ်ကအပြစ်မဲ့အရပ်သားပြည်သူများအား ရန်သူသဖွယ် ပစ်မှတ်ထားကာ ကျေးရွာများ စာသင်ကျောင်းများနှင့် နေအိမ်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကျူးလွန်မှုများစွာ ပြုလုပ်ခဲ့သည့် မှတ်တမ်းများစွာ ရှိနေကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

Public Service Announcement

Public Service Announcement

“တနေ့နေ့တချိန်ချိန်မှာသူတို့ဘက်ကဒါတွေကို ပြန်လည်တာဝန်ခံရမှာလည်းဖြစ်တယ်။သူတို့ပြန်လည်တာဝန်ခံဖို့အတွက်က ကျနော်တို့ တော်လှန်ရေးအင်အားစုနဲ့ ဒီလို အကြမ်းဖက်မှုမျိုးကို လက်မခံနိုင်တဲ့ လူတွေအားလုံးကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။

စစ်ကောင်စီသည် KNU ခရိုင်နှင့် တပ်မဟာ ၇ခု ရှိသည့်အနက်တပ်မဟာ(၁)သထုံခရိုင်၊တပ်မဟာ(၃)ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင်၊ တပ်မဟာ(၆)ဒူးပလာယာခရိုင်နယ်မြေများရှိ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်း၊ လက်နက်ကြီးပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။ထို့အပြင်တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၄) ထားဝယ်ခရိုင်နှင့် တပ်မဟာ(၇) ဖားအံ(ဘားအံ)ခရိုင်တို့တွင်လည်း အလားတူ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဇွန်အတွင်း၌ပင် စစ်တပ်က တပ်မဟာ(၁)နယ်မြေရှိ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ကျူးလွန်ခဲ့၍ ပြည်သူသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း တပ်မဟာ(၁)သတင်းရင်းမြစ်တဦးကပြောသည်။

ဇွန်လ ၁၄ရက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ရှိခမရ(၃) က အရပ်သားများနေထိုင်သည့် နေရာများသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ်(KNU သတ်မတ်နယ်မြေအရ ကျိုက်ထိုမြို့နယ်) အလူးကြီးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၁) သတင်းရင်းမြစ်က ပြောသည်။

ထိုနေ့တွင်ပင် ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကိုစစ်တပ်လက်နက်ကြီးပစ်ခတ်ခဲ့၍အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၁၁ရက်ကလည်း အလူးကီးရွာကို စစ်ကောင်စီကလက်နက်ကီးပစ်ခတ်၍ အမျိုးသား ၁ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ဟု KNU ဗဟိုက အသိပေးထားသည်။

စစ်ကောင်စီသည် KNU နယ်မြေများသာမကနိုင်ငံတဝန်း ပြည်သူလူထုများနေထိုင်ရာ နေရာများ၊ ဘုန်းကြီးကျောင်းနှင့်ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနှင့်ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထားလေကြောင်းဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။

ငလျင်ဘေးကြောင့် ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီကဟန်ပြကြေညာကာ ငလျင်ဘေးသင့် ဒေသများအပါအဝင် မြို့ရွာများကို လေကြောင်း ဗုံးကြခဲ့၍ ပြည်သူလူထု ရာချီသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ