Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေအစိုးရ ဖွဲ့ရန် လုပ်ငန်းစဥ် ၈၀ ရာခိုင်နှုန်း​ကျော်ပြီးနေပြီဟု KNU ​ပြော

ပြည်ထောင်စုထဲ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သေချာဟု KNU ထပ်မံအသိပေး

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး။ ဓါတ်ပုံ-KNU

ဇွန်-၂၀၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ကဦးဆောင်ပြီး ကော်သူးလေအစိုးရဖွဲ့စည်းရန် စိုင်းပြင်းနေပြီး ၂၀၂၅ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောကြားသည်။

ကော်သူးလေ အစိုးရ ကို ကြေညာမည့် အချိန်ကာလ၊ ကော်သူးလေပြည် တည်ဆောက်ရာတွင် လူငယ်များအား ဖိတ်ခေါ်မှုအကြောင်းစသည်တို့နှင့်ပတ်သက်သည့် ​ ဇွန် ၁၄ ရက်​နေ့တွင် ကျ​ရောက်​သောကော်သူး​လေ​နေ့ တွင်ရှင်းလင်းပြောကြားချက်ကို KNU ဗဟို က ဇွန်လ ၁၉ရက်တွင် ထပ်မံ​ဖော်ပြထားသည်။

“ကော်သူးလေအစိုးရကို ဘယ်တော့တည်ဆောက်မယ်ဆိုတာကတော့တည်ဆောက်ဖို့ လုံး၀ စိုင်းပြင်းနေတယ်ဆိုတာ မှန်တယ်။ ဒါက လုပ်ငန်းစဉ်ထဲမှာပဲရှိတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်က ၈၀ ရာခိုင်နှုန်းအထက်မှာပြီးစီးပြီလို့ ပြောလို့ရတယ်ဆိုပေမယ့် တကယ်တန်းနေ့ရက်အတိအကျ ပြောလာတဲ့အခါကျနော်တို့ ပြောရနည်းနည်းခက်တယ်။၂၀၂၅ ထဲမှာဖြစ်ရင်လည်းဖြစ်နိုင်တယ်”ဟုပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်၂၀၂၆ ခုနှစ်တွင်ဖွဲ့စည်းနိုင်ခြင်းမျိုးလည်းဖြစ်နိုင်သည်ဟု၎င်းကဆက်​ပြောသည်။

“တခုသေချာပြောနိုင်တာကကော်သူးလေအစိုးရကနေပြီးတော့ပြည်ထောင်စုထဲမှာအဖွဲ့ဝင်တခုအနေနဲ့ ကျနော်တို့ ဖော်ဆောင်နိုင်မယ့် ပြည်ထောင်စုကြီးထဲမှာ ကျနော်တို့ ပါမှာ သေချာတယ်” ဟု ပဒိုစောတောနီးက ပြောကြားပြီး မဝေးတော့သည့် အနာဂတ်၌ အကောင်အထည်ဖော်မည်ဟု လည်းအသိပေးသည်။

ကော်သူးလေအစိုးရသည် တော်လှန်ရေးကာလ ၌ ဖွဲ့စည်းမည့် အစိုးရ ဖြစ်သည်နှင့်အညီ KNUက ခေါင်းဆောင်မှုပိုင်း၊ လမ်းညွှန်မှုနှင့် ထိန်းကြောင်းမှု အပိုင်း၌ ရှိနေမည်ဖြစ်ပြီး အခြားလူထုလူတန်းစားများ၊ ကိုယ်စားပြုမှုများ အားလုံး ပါဝင်နိုင်မည်ဟု ပြောသည်။ ကရင်မဟုတ်သည့် လူမျိုးများ၊ လူငယ် ၊ အမျိုးသမီး၊ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ် များ ပါမည်ဟုလည်းဆိုသည်။

“အခု ကျနော်တို့ ကော်သူးလေအစိုးရတရပ်အနေနဲ့ တည်ထောင်ပြီဆိုရင်တကယ့်လိုက်ပါလာမယ့်အချက်က အုပ်ချုပ်ရေးကို တည်တည်ငြိမ်ငြိမ်လုပ်နိုင်ဖို့အတွက် တကယ် အရေးပါတယ်။ အရေးကြီးဆုံး ဒီအချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက်ဆိုရင် ကျနော်တို့ ဘယ်သူတွေလိုအပ်မလဲ။ အထူးသဖြင့် လူသားအရင်းအမြစ်တွေက ကျနော်တို့ လူငယ်တွေကိုပဲ ပြန်ပြီး အားကိုးရတော့မှာ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကော်သူးလေအထဲမှာရှိသော ကော်သူးလေ အပြင်ဘက်မှာ ရှိသော ကျနော်တို့ ကရင်အမျိုးသားအားလုံးနဲ့ တချိန်တည်းမှာလည်း ကျနော်တို့နဲ့လက်တွဲချင်တဲ့ တခြားလူမျိုးတွေအပါအဝင် ကျနော်တို့လည်းဖိတ်ခေါ်တယ်။” ဟု ပဒိုစောတောနီးက ပြောသည်။

ကော်သူးလေပြည်အကျယ်အဝန်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ သဘောထားကို ပြောပြရာတရားမျှတသည့် အကျယ်အဝန်း ဖြစ်ရမည်ဟု ပြောသည်။

“တရားမျှတတဲ့ အကျယ်အဝန်းရှိတယ်ဆိုတော့ တရားမျှတမှုလည်းရှိရမယ် ကိုယ်ပိုင်ပြဌာန်းခွင့်လည်းရှိရမယ် ဆိုတဲ့အချက်ပေါ်မှာ မူတည်ပြီးဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ အဓိက အကျဆုံးက အခုက တော်လှန်ရေးမှာ လက်ရှိ ကျနော်တို့ ဆုပ်ကိုင်နေတဲ့အနေအထားက ကျနော်တို့ ခရိုင်တပ်မဟာ ၇ခုကို အခြေခံထားတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒါ တရားသေမဟုတ်ဘူး။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ ၂၀၂၁ နောက်ပိုင်းမှာ ကျနော်တို့ နယ်ပယ်အရ အထူးသဖြင့် ဆုံးရှုံးသွားတဲ့နယ်မြေက ကျနော်တို့ အများကြီး ပြန်လည်ရယူနိုင်ခဲ့တာပါတယ်။ ဆိုတော့ အဲဒါတွေနဲ့ ဆက်စပ်ပြီး အခြေတည်သွားမှာ ဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆုံးအကြိမ်ဖြစ်ပေါ်လာသည့် အခါတိုင်းပြည်၏ အခင်းအကျင်း လုံး၀ ပြောင်းလဲသွားပြီး ဗဟိုအာဏာပိုင်အဖွဲ့ မရှိတော့ဟု ၎င်းကဆိုသည်။

“အခြေအနေက ဘယ်လိုအထိ ဖြစ်သွားပြီလဲဆိုရင်ကျနော်တို့တိုင်းပြည် လွန်ခဲ့တဲ့ နှစ် ၇၀ ၊ ၈၀ က လွတ်လပ်ရေးမရခင် အခြေအနေအထိပြန်ရောက်သွားပြီ။ အဲဒါကြောင့်မို့လို့ ဒီတိုင်းပြည်က ဘာဗဟိုအာဏာပိုင်မှ တိတိကျကျ အခါမှာ ကျနော်တို့ ဒီတိုင်းပြည်ကိုပြန်ပြီးတော့ဖက်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်မယ်ဆိုရင် အဓိက အကောင်းဆုံး အသင့်တော်ဆုံးအချက်ကအောက်ခြေကနေ စစုဖွဲ့ပြီးတော့ တဦးချင်းတဖွဲ့ချင်းပြန်ပြီးတော့ စုပေါင်းပေါင်းစုံလာပြီးတော့ အောက်ခြေကနေ ဖွဲ့စည်းလာတဲ့အနေအထားမျိုးသာလျင် အဓိက ဖြစ်သင့်တဲ့ အဖြစ်ပဲ”ဟုပဒိုစောတောနီးကပြောသည်။

လူမျိုးပေါင်းစုံရှိသည့်နေရာအားလုံး ပြည်ထောင်စု ထဲရှိသည့် သူများအားလုံး ဒီမိုကရေစီ အခွင့်အရေး ရရှိရေး လုပ်ဆောင်မည်ဆိုသည်မှာ ကရင်အမျိုးသားများ၏ ရည်မှန်းချက်၊ နိုင်ငံရေး ရုန်းကန်လှုပ်ရှားမှု တို့တွင် တောက်လျှောက်ကိုင်စွဲထားသည့် အချက်ဖြစ်သည်ဟုလည်း ပြောပြသည်။

“အဲဒီအပေါ် မူတည်ပြီးတော့အခုကျနော်တို့ ပြည်ထောင်စုကို တည်ဆောက်မယ့်အခါမှာလည်း ကျနော်တို့ဟာ ပြည်ထောင်စုရဲ့ အဖွဲ့ဝင် ကော်သူးလေအနေနဲ့ တည်ဆောက်တဲ့အခါမှာလည်း ကျနော်တို့ ဒီအချက်ကို စွဲကိုင်ထားမှာ ဖြစ်ပါတယ်” ဟုပဒိုစောတောနီးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။