Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ ထိကပလယ် စစ်တပ်စခန်းကို KNU ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

မြဝတီမြို့​တောင်ဘက် နယ်စပ်တွင် ​စစ်တပ်၏ဝေါ​လေဗျူဟာ၊ ဥကရစ်ထစခန်း၊တိသဲလယ်ကာကင်းစခန်းတို့သာသိမ်းရန်ကျန်

KNLA နှင့် ပူး​ပေါင်းတပ်သိမ်းပိုက်လိုက်​သောထိကပလယ် စစ်တပ်စခန်း ။ဓါတ်ပုံ-Thunder Kawthoolei

ဇွန်-၂၂၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ၊မြန်မာ-ထိုင်းနယ်စပ် လက်ကျန် စခန်း​လေးခုအနက် ထိကပလယ်(ထိကပလာ) စစ်တပ်စခန်းကို ယနေ့ညနေပိုင်းတွင်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ထိကပလယ်တပ်စခန်းကို ​တော်လှန်​ရေးတပ်များကတက်၍သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သားများမှာ ထွက်ပြေးသွားသည်ဟုလည်း KNU သတင်းရင်းမြစ်က ပြောသည်။

“သူများတက်ရှင်းတော့ သူတို့ ပြေးသွားတာပေါ့။ ကျနော်တို့လူတွေကစခန်းတက်သိမ်းလို့ရပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိကပလယ် တပ်စခန်းကျပြီဖြစ်၍ မြဝတီမြို့​တောင်ဘက် နယ်စပ်တွင် ဥကရစ်ထစခန်း၊ ဝေါ်လေ ဗျူဟာ နှင့် တိသဲလယ်ကာကင်းစခန်းတို့သာ ကျန်တော့သည်။ ကျန်စခန်းများ ကိုလည်း မကြာမီ သိမ်းပိုက်နိုင်မည့်အလားအလာရှိသည်ဟု၎င်းကဆက်​ပြောသည်။

အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း

“စကစတွေက စခန်းကနေ ဆုတ်ပြေးသွားတာ။ ထိုင်းဘက်ကိုပေါ့။ တော်လှန်ရေးအဖွဲ့တွေကတော့ စခန်းရသွားပြီ။ ပြေးတဲ့ စကစတွေ ဒါပေမယ့် ထိုင်းဘက်တော့မရောက်သေးဘူး။ တော်လှန်ရေးအဖွဲ့တွေက လိုက်ရှင်းနေတယ်။ မီလောက်မှာပါ။ ဒါပေမယ့် စကစတွေကလည်း လမ်းတလျှောက် မိုင်းတွေထားခဲ့တယ်ကြားတယ်။ သူတို့ကို ထိုင်းဘက်ကလည်းကြိုစောင့်နေတယ် သိရတယ်။ သူတို့မှာဒဏ်ရာရသူတွေလည်းပါတော့ သိပ်မရောက်နိုင်ဘူး။ ခုထိတော့ ရောက်တယ်မကြားသေးဘူး”ဟု စခန်းသိမ်းတိုက်ပွဲအ​ကြောင်း​ပြောသည်။

တတိယ​မြောက်ကရင်သတင်းရင်းမြစ်တဦးကလည်း ထိကလပယ် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှုကို အတည်ပြုသည်။ ထိုအပြင် မဆုတ်တမ်းခံစစ် ထိကပလယ် စစ်ဆင်ရေးခြေကုတ်စခန်း ဆိုင်းဘုတ်ပါ စစ်ကောင်စီတပ်စခန်း မှတ်တမ်းဓာတ်ပုံကိုလည်း သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် မေလ ၂၃ ရက်တွင် တပ်မဟာ

(၆)နယ်မြေ ကရင်ပြည်နယ် မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်း ၊ မေလ ၂၈ရက်တွင် ကနဲလေးတပ်စခန်း၊ မေလ ၂၉ရက်တွင် ရွှေအေးမြိုင် တပ်စခန်း၊ မေလ ၃၀ရက်တွင် ဘုရင့်နောင်စခန်းနှင့် မော်ခီးစခန်း ၊ ဇွန်လ ၃ရက်တွင် သေ့ဘောဘိုး တပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။

ယင်းစခန်းများအနက် ဘလယ်ဒို၊ ကနဲလေး နှင့် သေ့ဘောဘိုး တပ်စခန်းများမှလက်နက်ခဲယမ်း အများအပြားသိမ်းပိုက်ရရှိသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။