Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်ဆန္ဒပြပွဲတွေနားမှာမြန်မာ ၇ ယောက် နဲ့ ကမ္ဘောဒီးယား ၁ ယောက် အဖမ်းခံရ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့အချိန် မြန်မာတွေ အပါအဝင် မသင်္ကာစရာ နိုင်ငံခြားသား ၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်-၂၈၊၂၀၂၅။People’s Spring

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့အချိန် မြန်မာတွေ အပါအဝင် မသင်္ကာစရာ နိုင်ငံခြားသား ၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၈ ရက်နေ့တုန်းကဘန်ကောက်ရဲ့အောင်ပွဲ အထိမ်းအမှတ်ကျောက်တိုင်နားမှာလူပေါင်း သောင်းနဲ့ချီ စုဝေးပြီး ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် နှုတ်ထွက်ပေးဖို့ ဆန္ဒပြနေတဲ့အချိန် မြန်မာ ၇ ဦးနဲ့ ကမ္ဘောဒီးယား ၁ ဦးတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။

အဲဒီ ၈ ဦးဟာဗစ်ဟာဗာဒီရန်ဆစ်လမ်းအတိုင်းပစ်ကပ်ကားတစ်စီးနဲ့ဘန်ကောက်မြို့လယ်ဆီ ဦးတည်မောင်းနှင်လာချိန် တားဆီး စစ်ဆေးပြီး အဖမ်းခံခဲ့ရတာပါ။ သူတို့တွေက လတ်ဖရာအိုမှာ ကိုယ်ပိုင် ပစ္စည်းတွေ သွားရောက် သိမ်းယူဖို့လို့ ​ပြောခဲ့ပေမယ့် ရဲတွေကတော့ ဆန္ဒပြတဲ့နေရာနဲ့နီးပြီးလုံခြုံရေး တင်းကျပ်ထားတဲ့ နေရာမှာ မသင်္ကာစရာ မယောင်မလည် လုပ်နေကြတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံခြားသားတွေရဲ့ဖြေရှင်းအကြောင်းပြချက် ပေးမှုဟာသံသယဖြစ်စရာကောင်းနေပြီး လောလောဆယ်မှာ သူတို့ရဲ့ အလုပ်လုပ်ခွင့်ပါမစ်၊ နေထိုင်ခွင့်ပါမစ်၊ ထိုင်းကို အဝင်အထွက် လုပ်ထားတဲ့ မှတ်တမ်းတွေကိုစစ်ဆေးနေတယ်လို့ပြောပါတယ်။အားလုံးကိုတော့ ဒင်ဒေအန်း ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး စုံစမ်းမေးမြန်းနေတယ်လို့သိရပါတယ်။

သူတို့ဟာ ဥပဒေချိုးဖောက်တဲ့ ပြစ်မှု တစ်ခုခုကျူးလွန်ပါတယ်လို့ ထိုင်းအာဏာပိုင်တွေက တပ်အပ် မစွပ်စွဲပေမယ့် လုံခြုံရေးအရ ထိလွယ်ရှလွယ် ဖြစ်လွန်းတဲ့ နေရာတစ်ခုမှာ သူတို့ရှိနေတဲ့ပုံစံကမသင်္ကာစရာ ကောင်းလွန်းပြီး အသေးစိတ် စုံစမ်းမှုတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၈ ရက်နေ့က ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲတွေမှာ လူပေါင်း ၁၇၀၀၀ လောက်ထိ ပါဝင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

ကိုးကား-The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးသူငယ် လိင်အမြတ်ထုတ်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေအတွက် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (အင်တာပိုလ်)က အလိုရှိကြောင်း Red Notice ထုတ်ပြန်ထားတဲ့ တောင်ကိုရီးယား အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ နိုင်ငံရေးကနေ အနားယူပြီး အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိနေကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုခြောက်လဆက်တိုက်ကျဆင်းနေပြီး ကုန်ကြမ်းမလုံလောက်မှု၊ သယ်ယူပို့ဆောင်စရိတ် ၊ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲနဲ့ ငွေလဲနှုန်းအပြောင်းအလဲတွေ မြင့်တက်နေတယ်လို့ အမေရိကန်အခြေစိုက်စီးပွားရေးသတင်းအချက်အလက်အဖွဲ့အစည်း S&P Global ကထုတ်ပြန်ပါတယ်။

သတင်း

လုပ်သား​တွေအ​ပေါ်အမြတ်ထုတ်​နေတဲ့ပွဲစားတွေကိုဖမ်းဆီးအ​ရေးယူ​ပေးဖို့​တောင်းဆို