Connect with us

Hi, what are you looking for?

သတင်း

Safe Hospital, Safe Healthcare ကမ်ပိန်း မျှော်မှန်းထားသည့်ပမာဏထက်ပိုမိုရရှိခဲ့ဟုNUG ပြော

ဆေးရုံအချို့ကို စတင်တည်ဆောက်နေပြီဟုဆို

​ဆေးရုံ​​ဆောက်ရန် ​မြေ​နေရာများကို ကိုယ်တိုင်လိုက်လံကြည့်ရှုစစ်​ဆေးခဲ့​သော ​ဒေါက်တာ​ဇော်​ဝေစိုး

ဇူလိုင်-၁၊၂၀၂၅။တေဇ/People’s Spring

ဘေးကင်းဆေးရုံများတည်ဆောက်နိုင်ရေး Safe Hospital,Safe Healthcare ကမ်ပိန်း အတွက် ရည်ရွယ်ထားသည့် ပမာဏထက်အလှူငွေပိုမိုရရှိခဲ့ပြီး ဆေးရုံအချို့ကို စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။

“အကြမ်းဖက်စစ်တပ်ဟာ ဆေးရုံတွေ ဆေးပေးခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုကိုဘေးကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကSafe Hospital, Safe Healthcare ကမ်ပိန်းကိုပြုလုပ်ခဲ့ပါတယ်။ ဒီကမ်ပိန်းက ရည်မှန်းထားတဲ့ ပမာဏထက် များစွာကျော်လွန်ရရှိခဲ့ပါတယ်။”ဟု၎င်းကပြောသည်။

ထို့ကြောင့် ယင်းကမ်ပိန်းတွင် ပါဝင်ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း နှင့် ဆေးရုံအချို့ကို တင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆေးရုံများတည်ဆောက်သည့်မြေနေရာများရွေးချယ်ခြင်း အပါအဝင် ဆောက်လုပ်ရေးလုပ်ဆောင်သည့်နေရာများသို့ကိုယ်တိုင်သွားရောက်၍ ကြီးကြပ်ဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဇွန် ၂၁ ရက်တွင် အသိပေးထားသည်။

ယင်းကမ်ပိန်းသည်မြေပြင်မှကျန်းမာရေးဝန်ထမ်းများအပါအဝင်ရဲဘော်များ ၊ပြည်သူများဘေးကင်းလုံခြုံစွာ ဆေးကုသမှုပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဒေါက်တာဇော်ဝေစိုးကပြောသည်။

Safe Hospital,Safe Healthcare ကမ်ပိန်းကို မေလ ၂၄ မှ ဇွန် ၃၀ အထိပြုလုပ်ခဲ့ပြီးအမေရိကန်ဒေါ်လာ ၄ သိန်းရရှိရန်ရည်မှန်းထားကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“သုံးပတ်အတွင်းမှာ ကျွန်တော်တို့က ကိုးဆယ်ရာခိုင်နှုံးကျော်ကျော်လောက်ရနေပြီ။ အမှန်တော့ ကမ်ပိန်းကအောင်မြင်ပါတယ်။ဒေါ်လာလေးသိန်းရပြီးပြီ။ ကျွန်တော်ထင်တာ လေးသိန်းကျော် ငါးသိန်းလောက် အထိရမယ်ထင်တယ်။ အခုဆိုရင်ကျွန်တော် မြေနေရာတွေလိုက်ကြည့်နေတယ်။ တချို့လည်းဆေးရုံတွေ စဆောက်နေပြီ။ တချို့လည်းရှိပြီးသား ဂူတွေ လှိုင်ဂူတွေ အဲနေရာတွေကိုဆေးရုံတွေအဖြစ်ပြောင်းပြီးကျွန်တော်တို့ကဆောက်နေတယ်။အဲ့လိုမျိုးတွေလုပ်နေတာရှိတယ်။ ဒီဟာလည်းပဲ တကယ့်ကို လိုအပ်ချက်ပေါ့ဗျာ။ ဆရာ ကျွန်တော် ကမ်ပိန်းထဲမှာပြောသလို ပြည်သူလူထုတွေ ရဲဘော်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မူအပြင်ကျန်းမာရေးစောင့်ရှောက်တဲ့ ဆရာဝန် တွေ သူနာပြုတွေ ကျန်းမာရေးစောင့်ရှောက်သူတွေရဲ့ လုံခြုံရေး သူတို့တွေရဲ့ စိတ်လုံခြုံရေး ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက်အရေးကြီးတယ်။ ဒါကြောင့်လည်း SAFE HOSPITAL, SAFE HEALTHCARE ကိုလုပ်တာပေါ့နော်”ဟု ဒေါက်တာဇော်ဝေစိုးက ဇွန်လ တတိယပါတ်တွင် The Burma Guardian သတင်းဌာနနှင့် ပြုလုပ်​သောအင်တာဗျူးတွင်​ပြောကြားခဲ့သည်။

ထိုအပြင်ဘေးအန္တရာယ်ကင်းရှင်းရေးအစီအစဉ်များလုပ်ဆောင်နေသောကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများကိုလည်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ‌အပေါ်မူတည်၍ ဖွင့်လှစ်သွားမည်ဟု ဦးနေဘုန်းလတ်ကပြောသည်။

“ကျောင်းသူကျောင်းသားတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ သင်ကြားနိုင်ရေး ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်းတွေ ဆောက်လုပ်နိုင်ဖို့အတွက် Safe School,Safe Education ရန်ပုံငွေရှာ​ဖွေရေး အစီအစဉ်တစ်ခုကိုလည်း မကြာခင်ပြုလုပ်သွားဖို့ရှိပြီး ထပ်မံပူးပေါင်းပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံဖိတ်ခေါ်လိုပါတယ်”ဟု၎င်းကတောင်းဆိုထားသည်။

စစ်​ကောင်စီက ​စာသင်​ကျောင်းများ ၊​ဆေးရုံ​ဆေးခန်းများကိုပါမ​ရှောင် အကြိမ်​ရေ ရာနှင့်ချီ၍ ဗုံးကြဲသတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook