Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်အချင်းချင်း အာဏာလုပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး

ကချင်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင်တို့ တပ်ဖွဲ့အကြီးအကဲရာထူးလုရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

သေဆုံးခဲ့သူ ဂွေထုဌာနေပြည့်သူ့စစ်အဖွဲ့ ဒု-ခေါင်းဆောင် ဦးဂမ်အောင်

ဇူလိုင်-၈၊ ၂၀၂၅။ ကဖေး/People’s Spring

ကချင်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင်တို့ တပ်ဖွဲ့အကြီးအကဲရာထူးလုရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာရှိ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ခန်းမ၌ ယနေ့ ညနေ ၄နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဂွေထုဌာနေပြည်သူ့စစ်ဥက္ကဋ္ဌ ဦးလဆန်အောင်ဝါ သေဆုံးသွားပြီးတဲ့နောက် အဖွဲ့ခေါင်းဆောင်နေရာလုကြတာ။ ခဏခဏ အချင်းများတယ်။ ဒီညနေကျတော့ ဘယ်သူက ဘယ်သူ့ကိုအရင်ပစ်တယ်မသိဘူး။ တစ်ယောက်သေသွားတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဂွေထုဌာနေပြည့်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးနော်လီနှင့် ဒု-ခေါင်းဆောင်ဦးအောင်ဂမ်တို့သည် အစည်းအဝေးကျင်းပနေစဉ် စကားများပြီး အချင်းချင်းပစ်ခတ်ခြင်းဟု ဆိုသည်။ သေဆုံးသူမှာ ဒု-ခေါင်းဆောင် ဦးအောင်ဂမ်ဖြစ်ပြီး အသက် ၆၀ကျော်အရွယ်ဖြစ်နေပြီဟု သိရသည်။ ၎င်းသည် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးဟောင်းဖြစ်ပြီး ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဦးလဆန်အောင်ဝါသည် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ ထောက်လှမ်းရေးနှင့် အမျိုးသားလုံခြုံရေးဌာန တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်၌ KIA မှခွဲထွက်ကာ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီက ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ထားသည်။ အသက် ၈၀အရွယ် ဦးလဆန်အောင်ဝါသည် ယမန်နှစ် ၂၀၂၄ နိုဝင်ဘာ ၁၆ ရက်တွင် လူကြီးရောဂါဖြင့်သေဆုံးခဲ့ပြီးနောက် ၎င်း၏လက်အောက်ခံများက ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်နေရာက်ို လုနေကြခြင်းဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

၎င်းက ” အခုခေါင်းဆောင်ဦးနော်လီကလည်း ကချင်အစစ်မဟုတ်ဘူး။ တရုတ်စပ်တယ်။ သူက မန္တလေးမှာ လောင်းကစားအကြီးအကျယ်လုပ်တယ်”ဟု ပြောသည်။

ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့သည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် အဓိကလှုပ်ရှားပြီး စစ်ကောင်စီလက်အောက်ခံအဖြစ် ရပ်တည်နေသည့်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။