Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းဒဏ်ရာများ ကာလရှည်ကုသနေရသည့် ရွှေညဝါဆရာတော်ပျံလွန်တော်မူ

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းရွှေညဝါဆရာတော်သည် ယနေ့ဇူလိုင်လ၁၀ရက် နံနက်ပိုင်း၌ပျံလွန်တော်မူသွားသည်။

စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများခံစားခဲ့ရတဲ့ အင်းလေးဒေသခံပြည်သူတွေဆီ မေလအတွင်းက ကူညီထောက်ပံ့မှုတွေ ကိုယ်တိုင်ကြွရောက်လုပ်ဆောင်နေစဥ်။ ဓာတ်ပုံ - Shwenyawar/FB

ဇူလိုင်-၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းရွှေညဝါဆရာတော်သည် ယနေ့ဇူလိုင်လ၁၀ရက် နံနက်ပိုင်း၌ပျံလွန်တော်မူသွားသည်။

ကာလရှည်ခံစားနေရသော နှလုံးနှင့်အသည်းရောဂါကိုကုသနေစဉ်ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ နံနက်၂ နာရီ ၄၅ မိနစ်တွင်ပျံလွန်တော်မူခြင်းဟု သတင်းရရှိသည်။

“ထောင်ထဲက ဒဏ်ရာတွေကြောင့် ရောဂါပိုဆိုးပြီး ပျံလွန်တာပါ။ ဆရာတော်ဈာပနကို ကျင်းပရေး စီစဉ်နေကြပြီ” ဟု ရွှေညဝါဆရာတော်၏ ဒကာတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပျံလွန်တော်မူချိန်၌ သက် တော်၆၀ ရှိပြီဖြစ်သည်။ဆရာတော်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသည့် ပြဿနာများ၊ မတရားမှုများအ

ပေါ် ဝေဖန်ထောက်ပြလေ့ရှိပြီး ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို အလေးထား ဟောကြား လေ့ရှိသည်။ ၁၉၈၈ ခုနှစ်က ၈ လေးလုံး အရေးတော်ပုံ၊ ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးတို့၌ ပါဝင်ခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအချို့တွင် လူထုအားဦးဆောင်ခဲ့သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်စစ်တပ်အာဏာသိမ်းသည့်နေ့တွင် ဆရာတော်အား စစ်တပ်က ဖမ်းဆီးခဲ့သည်။ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင် ၂ နှစ်ချခဲ့ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လွတ်လာခဲ့သည်။

“ဆရာတော်က နှလုံး၊ အသည်း၊ ဆီးချိုရောဂါတွေရှိတယ်။ ထောင်ထဲမှာ တော်တော် ခံခဲ့ရတာ။ အခုလည်း ထောင်ထဲမှာ ရလာတဲ့ ဒဏ်ရာတွေနဲ့ ပိုဆိုးပြီး ပျံလွန်ရတာပါ”

ရွှေညဝါဆရာ‌တော်သည်မတ် ၂၈ စစ်ကိုင်း ငလျင်ဒဏ်ကိုပြင်းထန်စွာခံစားခဲ့ရ​သော အင်း​လေကန်​ဒေသမှငလျင်ဘေးသင့်သူများကိုလည်း ကျန်းမာရေးမကောင်းသည့်ကြားမှ ပြီခဲ့သည့်​မေလတွင်သွားရောက်ထောက်ပံ့ခဲ့သေးသည်။

ရွှေညဝါဆရာ‌တော်ဟု လူသိများသည့် ဆရာတော်သည် မှော်ဘီမြို့နယ်ရှိ ရွှေညဝါဓမ္မရတနာကျောင်းတိုက်၏ ပဓာနနာယကဆရာတော်ဖြစ်သည်။ စစ်အစိုးရလက်ထက်၂၀၁၁ ခုနှစ်ကဆရာတော်အား တရားဟောခွင့် တနှစ်ပိတ်ခဲ့ဖူးသည်။ ၂၀၁၅ ခုနှစ်တွင်လည်း သံဃာမဟာနာယကအဖွဲ့က စစ်အစိုးရအလိုကျ တရားဟောခွင့် ရာသက်ပန်ပိတ်ပင်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီးလွတ်ငြိမ်းဖြင့် ပြန်လွတ်လာပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်မှစ၍ ကျန်းမာရေးဆိုးရွားကာ ပျံလွန်တော်မူခြင်းဖြစ်သည်။

ဆရာတော်၏ ရုပ်ကလာပ်ကို ယနေ့နံနက်ပိုင်း၌ မှော်ဘီမြို့နယ်ရှိ ရွှေညဝါဓမ္မရတနာကျောင်းတိုက်သို့ ပို့ဆောင်နေသည်။

” အင်မတန်ပင်ပမ်းနွမ်းနယ်နေ‌ပြီမို့
ရွှေလသာဝင်းပတဲ့ဘုံဌာနမှာ
ချမ်းမြေ့ကြည်ဖြူစွာ
အနားယူဖို့ ကြွနှင့်ပေးဦးတော့
ရွှေညဝါဆရာတော်ရေ
ရွှေလသာမှာပါ
ရွှေလဝင်းပ သာယာနေမှာပါ”ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဝါရှောင်ဆရာတော်က လူမှုကွန်ရက်တွင် ရေသားထားသည်။

​​ရွှေညဝါဆရာ​တော်ပျံလွန်သွားသည့် ဇူလိုင် ၁၀ ရက်မနက်ပိုင်းမှာပင် နာမည်​ကျော်စာ​ရေးဆရာ ဆရာ​မောင်သာချို ကွယ်လွန်သွားခဲ့သည်။

ဆရာ​မောင်သာချို နှင့် ရွှေညဝါဆရာ​တော်တို့သည်စစ်တပ်အာဏာသိမ်းသည့်​​​နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းကဖမ်းဆီးခံရပြီး​​ထောင်ကျခဲ့သည်။ထို​နောက် ၂၀၂၂ နိုဝင်ဘာ ၁၇ရက်မှာ ထောင်ကတစ်ရက်တည်း ပြန်လွတ်လာကြခြင်းသည်။ ထောင်ကလွတ်လာ​​သော်လည်းထောင်ကပါလာ​သောရောဂါ​များကို လ​ပေါင်းများစွ ကုသမှုခံယူနေရင်း တစ်ရက်တည်းအတူ ကွယ်လွန်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လူသိများထင်ရှားသူ ရွှေညဝါ ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန ကို မှော်ဘီမြို့ ၊ ရွှေညဝါတောရသာသနာပြုကျောင်းတိုက်မှာ ဒီနေ့မှာ ပြုလုပ်နေပါတယ်။

ဆောင်းပါး

အင်းစိန်ထောင်ကနေ တရက်တည်းမှာ အတူတူ လွတ်မြောက်လာတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချိုတို့ဟာ ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်မှာလည်း လူ့ဘောင်လူ့လောကကနေ တရက်တည်း တပြိုင်တည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

သတင်း

တစ်ရက်တည်း ဆုံးပါးသွားကြတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ ဈာပနနဲ့ စာရေးဆရာ မောင်သာချိုရဲ့နာရေးကို ဇူလိုင် ၁၂ရက်နဲ့ ၁၆ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း

ပျံလွန်တော်မူသွားတဲ့ ရွှေညဝါဆရာတော်၏ ရုပ်ကလာပ်ကို တစ်ပတ်ကြာ အပူဇော်ခံမှာဖြစ်ပြီး လာမယ့် ဇူလိုင် ၁၆ရက် ဗုဒ္ဓဟူးနေ့မှာ မှော်ဘီမြို့မသုဿန်ကိုပင့်ဆောင်ပြီး ဈာပနပူဇာသဘင် ကျင်းပမယ်လို့ ဆရာတော်ရဲ့ ဈာပနအခမ်းအနားကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။