Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြိို့ပေါ် ကစစ်တပ်ဘန်ကာဂိတ်ကို ပကဖ ဗုံးပစ်တိုက်ခိုက်

မန္တလေးတိုင်း၊တောင်သာမြို့ပေါ်က စီးပွားရေးဘဏ်ရဲ့ စစ်တပ်ဘန်ကာဂိတ်ကိုလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ က ထုတ်ပြန်ပါတယ်။

​တောင်သာပကဖ မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​တောင်သာပကဖ

ဇူလိုင် – ၁၈၊၂၀၂၅။ရဲ​ခေါင်/ People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့ပေါ်က စီးပွားရေးဘဏ်ရဲ့ စစ်တပ်ဘန်ကာဂိတ်ကိုလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ က ထုတ်ပြန်ပါတယ်။

ပျောက်ကြားမစ်ရှင်အဖြစ်နဲ့ဇူလိုင်၁၈ ရက်မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က တိုက်ခိုက်မှုမှာ ရဲတစ်ဦးသေပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရတယ်လို့ဆိုပါတယ်။

“အဲဒီဂိတ်မှာက ရခ လေးငါးယောက်လောက်ရှိတယ်။အာဇာနည်နေ့ အကြိုအထိမ်းအမှတ်၊နွေဦးတော်လှန်ရေး၊ပြည်သူလူထုတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ရဲဘော်တွေအတွက်အထိမ်းအမှတ်အဖြစ်လုပ်ဆောင်ရတာ”လို့တောင်သာပကဖ ရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က သေဆုံးမှုနဲ့ ထိခိုက်မှုတွေကိုတော့ လူထုနွေဦးက သီးခြား အတည်ပြုမရသေးပါဘူး။

စစ်ကောင်စီဘန်ကာဂိတ်ကိုတိုက်ခိုက်ခဲ့တဲ့ရဲဘော် တွေအန္တရာယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။

ဒီလ လဆန်းပိုင်းကလည်း တောင်သာမြို့အမှတ် (၁)စွပ်ကျယ်စက်ရုံမှာတာဝန်ကျနေတဲ့စစ်ကောင်စီရဲနှစ်ဦးကို တောင်သာပကဖ ဖမ်းမိထားပါတယ်။

ဒါ့အပြင် တောင်သာလမ်းပိုင်းကိုအသုံးပြုသွားလာနေတဲ့ စစ်သားအချို့ကိုပါ တောင်သာ ပကဖ က ဇွန်လအတွင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

တောင်သာမြို့နယ်ထဲစစ်အင်အားဖြည့်တဲ့စစ်တပ် ယာဥ်တန်းနဲဲ့ စစ်ကြောင်းကို PDF​တွေက တိုက် ခိုက်တာ စစ်သုံပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့ပေါ်က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက မင်းတည်းကျေးရွာကို ဝင်ရောက်ပြီး ဒေသခံ အမျိုးသမီး ၁ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။