Connect with us

Hi, what are you looking for?

သတင်း

ဂျပန်နိုင်ငံတွင် အာဇာနည်နေ့အခမ်းအနားနှင့် စစ်ကောင်စီအား ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (ဇူလိုင် ၁၉) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - CJ

ဇူလိုင် ၁၉၊၂၀၂၅။ သုည/People’s Spring

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (ဇူလိုင် ၁၉) ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် (၇၈) နှစ်တိုင်သွားသည့်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့ကြောင်း၊ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် နိုင်ငံတော်ဆီရောက်ရှိရန်၊ အာဇာနည်ခေါင်းဆောင်များ ထပ်မံမပေါ်ပေါက်ရေးအတွက် အားလုံးဝိုင်းဝန်းကာကွယ်ပေးရန်နှင့် စစ်ကောင်စီ ဆန့်ကျင်လှုပ်ရှားမှုများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးကြရန် တိုက်တွန်းနှိိုးဆော်ခဲ့သည်။

ထို့အပြင် “အာဇာနည်မျိုး သေရိုးမရှိ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ဆုံးကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားသူများ အမြန်ဆုံးလွှတ်” စသည့် ကြွေးကြော်သံများကိုလည်း ဟစ်ကြွေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

Facebook