Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်သားနဲ့ပျူ​တွေကို PDF​တွေတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာဆိုင်ကယ်နဲ့ထွက်လာတဲ့စစ်သားတွေတိုက်ခိုက်ခံရပြီး ၄ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းခံလိုက်ရပါတယ်။

စစ်အုပ်စုဝင်တွေကို တိုက်ခိုက်နေစဥ်နှင့် သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။

ဇူလိုင်-၂၃၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာဆိုင်ကယ်နဲ့ထွက်လာတဲ့စစ်သားတွေတိုက်ခိုက်ခံရပြီး ၄ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းခံလိုက်ရပါတယ်။

ဇူလိုင်(၂၂) ရက် မနက်၆နာရီခွဲခန့်ကရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုး​ရေးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကနေ စစ်သားနဲ့ပျူ ၆ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့ ရွှေဘို-ရေဦးလမ်းပေါ် ထွက်လာစဥ်မှာ PDF ​တွေတိုက်ခိုက်ခဲ့တာပါ။

အဆိုပါတိုက်ခိုက်မှုမှာစစ်​ကောင်စီတပ်ဘက်က ၄ ဦးခန့် သေဆုံးကြောင်းရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဝင်တွေကို တိုက်ခိုက်နေစဥ်နှင့် သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။

“အဲဒီလမ်းက သူတို့သွားလာလှုပ်ရှားနေတဲ့ နေရာပါ။ တိုက်ပွဲကတော့ နာရီဝက်လောက်ပါပဲ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စစ်သားနဲ့ ပျူ​တွေဆီကနေ G-3သေနတ် တစ်လက်၊ ကျည်ဘောက် (၂)ခု၊ ကျည် (၁၆၈)တောင့် ၊ လက်ပစ်ဗုံး( ၁)လုံးနဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်းကထုတ်ပြန်ပါတယ်။

ဒါ့အပြင် အခင်းဖြစ်နေရာကို စစ်ကူလာတဲ့ စစ်သားတွေကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၄ ဦးခန့် ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်းက ရုပ်သံနဲ့တကွထုတ်ပြန်ပါတယ်။စစ်​ကောင်စီတပ်ကထိခိုက်မှုအခြေအနေတွေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ဒါ​ပေမယ့် ရုပ်သံမှတ်တမ်းမှာစစ်သားတချို့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးထွက်​ပြေးတာကို​တွေ့ရပါတယ် ။

ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စုဟာ ရွှေဘို-ရေဦးသွားတဲ့ ခရီးသည်တွေကို စစ်ဆေးဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေလို့ ကွင်းလမ်းတွေကနေတဆင့် ပတ်သွားနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook