Connect with us

Hi, what are you looking for?

သတင်း

KIOဒုဗိုလ်ချုပ်ကြီးဂွန်မော်သည် တော်လှန်ရေးအင်အားစုများအားကိုးရသည့် ခေါင်းဆောင်ဟု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်သည် တော်လှန်ရေးအင်အားစုများအားလုံးအားကိုးရသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

(NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် KIOဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်တို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - Zaw Wai Soe/FB

ဇူလိုင်-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်သည် တော်လှန်ရေးအင်အားစုများအားလုံးအားကိုးရသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

ပြီးခဲ့သည့်လအနည်းက ပြည်တွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် သွားရောက် တွေ့ဆုံခဲ့သည့် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်းနှင့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်တို့ အတူတွဲရိုက်ကူးထားသည့် ဓာတ်ပုံကို ဖော်ပြကာ ယခုကဲ့သို့ ရေးသားလာခြင်းဖြစ်သည်။

“ကျနော်တို့ ပြည်တွင်းပြည်ပပြည်သူတွေအားလုံး၊ တော်လှန်ရေး အင်အား စုတွေအားလုံး၊ ချစ်ခင်ရပါသော ၊ အားကိုးရပါသော၊ လေးစားရပါသော၊ အားကိုးရပါသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်၏ ခေါင်းဆောင်ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ရေးသားခဲ့ခြင်းဖြစ်ပြီး ထိုသို့ရေးသားခဲ့သည့် အကြောင်းအရင်း အသေးစိတ်ကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

KIO/KIAသည်နွေဦးတော်လှန်ရေးတွင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့်နီးကပ်စွာ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီအထိနာအောင် တိုက်ခိုက်နေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

ဒေါက်တာဇော်ဝေစိုးသည် တအာင်းတပ်မတော် (TNLA) ခေါင်းဆောင်တစ်ဦးဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တာဘုန်းကျော် အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်လည်း ယခုနှစ် ဇွန်လပထမပတ်တွင် တွေ့ဆုံခဲ့သေးသည်။

ယခင်က ပြည်ပ၌ နေထိုင်နေသည့် ဝန်ကြီးဒေါက်တာဇော်ဝေစိုးသည် ယခု ၂၀၂၅ နှစ်ဆန်းတွင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကာ မြေပြင်၌ တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အသိပေးထားသည်။

“အာဏာရူးစစ်ကောင်စီအကြောက်ဆုံးအရာက လက်နက်ကိုင်တော်လှန် ရေးတပ်အားလုံး စည်းလုံးညီညွတ်သွားမှာကိုပဲ …..စည်းလုံး‌ေအာင်လုပ်နိုင်ပါစေ။ညီညွတ်‌ေအာင်လုပ်နိုင်ပါစေ။စစ်နိုင်အောင်တိုက်ခြင်းမှတပါး ဒီအာဏာရူးအုပ်စုကိုနိုင်ဖို့ အခြားနည်းလမ်းမရှိ။အကယ်၍ရှိခဲ့လျှင် နည်းမှားပဲဖြစ်မည်”ဟုဒေါက်တာဇော်ဝေစိုးဖော်ပြချက်တွင်ဝင်ရောက်မှတ် ချက်ပြုသူတဦးက ရေးသားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း တိုင်းရင်းသားနယ်မြေများသို့သွားရောက်ကာ တော်လှန်ရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်းလည်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇူလိုင် ၁၅ရက်က ကျင်းပသည့် အောင်ပွဲသစ်ဆီ ပဲခူး-တနင်္သာရီ ကမ်ပိန်း ဖွင့်ပွဲအခမ်းအနား၌ အသိပေး ပြောကြားခဲ့သည်။

တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံစဉ် စစ်ရေး၊ နိုင်ငံရေး တဆင့်တက်လှမ်းနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များအားလုံးကလည်း ယင်းအတွက် ကြိုးစားနေကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောသည်။

“အားလုံးကတော့ တက်ကြွဆဲ၊ ပါဝင်ဆဲ၊ အားလုံးက ဆုံးဖြတ်ချက်တွေချထားတယ်လို့ ကျနော်နားလည်ပါတယ်။ အားလုံးက ဒီနေ့ တော်လှန်ရေးပေါ့ ဖက်ဆစ် စစ်တပ်နဲ့ အာဏာရှင်ကို ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့အတွက် အားလုံးက ဆုံးဖြတ်ချက် ချထားတဲ့အတွက် စိတ်ဓာတ် ခိုင်မာတဲ့သူတွေနဲ့ သွားနေတဲ့ ဒီတော်လှန်ရေးကတော့ သေချာ ပေါက်အောင်မြင်္ငမယ့် တော်လှန်ရေးဖြစ်တယ်လို့ ကျနော်ကတော့ ယုံ ကြည်ပါတယ်”ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

Facebook