Connect with us

Hi, what are you looking for?

သတင်း

KIOဒုဗိုလ်ချုပ်ကြီးဂွန်မော်သည် တော်လှန်ရေးအင်အားစုများအားကိုးရသည့် ခေါင်းဆောင်ဟု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်သည် တော်လှန်ရေးအင်အားစုများအားလုံးအားကိုးရသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

(NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် KIOဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်တို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - Zaw Wai Soe/FB

ဇူလိုင်-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်သည် တော်လှန်ရေးအင်အားစုများအားလုံးအားကိုးရသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

ပြီးခဲ့သည့်လအနည်းက ပြည်တွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် သွားရောက် တွေ့ဆုံခဲ့သည့် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်းနှင့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်တို့ အတူတွဲရိုက်ကူးထားသည့် ဓာတ်ပုံကို ဖော်ပြကာ ယခုကဲ့သို့ ရေးသားလာခြင်းဖြစ်သည်။

“ ကျနော်တို့ ပြည်တွင်းပြည်ပပြည်သူတွေအားလုံး၊ တော်လှန်ရေး အင်အား စုတွေအားလုံး၊ ချစ်ခင်ရပါသော ၊ အားကိုးရပါသော၊ လေးစားရပါသော၊ အားကိုးရပါသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်၏ ခေါင်းဆောင်ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ရေးသားခဲ့ခြင်းဖြစ်ပြီး ထိုသို့ရေးသားခဲ့သည့် အကြောင်းအရင်း အသေးစိတ်ကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

KIO/KIAသည်နွေဦးတော်လှန်ရေးတွင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့်နီးကပ်စွာ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီအထိနာအောင် တိုက်ခိုက်နေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

ဒေါက်တာဇော်ဝေစိုးသည် တအာင်းတပ်မတော် (TNLA) ခေါင်းဆောင်တစ်ဦးဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တာဘုန်းကျော် အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်လည်း ယခုနှစ် ဇွန်လပထမပတ်တွင် တွေ့ဆုံခဲ့သေးသည်။

ယခင်က ပြည်ပ၌ နေထိုင်နေသည့် ဝန်ကြီးဒေါက်တာဇော်ဝေစိုးသည် ယခု ၂၀၂၅ နှစ်ဆန်းတွင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကာ မြေပြင်၌ တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အသိပေးထားသည်။

“ အာဏာရူးစစ်ကောင်စီအကြောက်ဆုံးအရာက လက်နက်ကိုင်တော်လှန် ရေးတပ်အားလုံး စည်းလုံးညီညွတ်သွားမှာကိုပဲ …..စည်းလုံး‌ေအာင်လုပ်နိုင်ပါစေ။ညီညွတ်‌ေအာင်လုပ်နိုင်ပါစေ။စစ်နိုင်အောင်တိုက်ခြင်းမှတပါး ဒီအာဏာရူးအုပ်စုကိုနိုင်ဖို့ အခြားနည်းလမ်းမရှိ။အကယ်၍ရှိခဲ့လျှင် နည်းမှားပဲဖြစ်မည်” ဟုဒေါက်တာဇော်ဝေစိုးဖော်ပြချက်တွင်ဝင်ရောက်မှတ် ချက်ပြုသူတဦးက ရေးသားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း တိုင်းရင်းသားနယ်မြေများသို့သွားရောက်ကာ တော်လှန်ရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်းလည်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇူလိုင် ၁၅ရက်က ကျင်းပသည့် အောင်ပွဲသစ်ဆီ ပဲခူး-တနင်္သာရီ ကမ်ပိန်း ဖွင့်ပွဲအခမ်းအနား၌ အသိပေး ပြောကြားခဲ့သည်။

တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံစဉ် စစ်ရေး၊ နိုင်ငံရေး တဆင့်တက်လှမ်းနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များအားလုံးကလည်း ယင်းအတွက် ကြိုးစားနေကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောသည်။

“အားလုံးကတော့ တက်ကြွဆဲ၊ ပါဝင်ဆဲ၊ အားလုံးက ဆုံးဖြတ်ချက်တွေချထားတယ်လို့ ကျနော်နားလည်ပါတယ်။ အားလုံးက ဒီနေ့ တော်လှန်ရေးပေါ့ ဖက်ဆစ် စစ်တပ်နဲ့ အာဏာရှင်ကို ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့အတွက် အားလုံးက ဆုံးဖြတ်ချက် ချထားတဲ့အတွက် စိတ်ဓာတ် ခိုင်မာတဲ့သူတွေနဲ့ သွားနေတဲ့ ဒီတော်လှန်ရေးကတော့ သေချာ ပေါက်အောင်မြင်္ငမယ့် တော်လှန်ရေးဖြစ်တယ်လို့ ကျနော်ကတော့ ယုံ ကြည်ပါတယ်”ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေထဲက နေရာ ၁၁နေရာကို အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၂၁ရက်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

သတင်း

တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းချနေသူတွေ ခိုးယူသယ်ဆောင်လာလို့ PDF တွေက ကယ်ဆယ်ခဲ့တဲ့ ပန်ဒါနီ ၉ ကောင်ကို သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်မယ့် နေရာသို့ ပြန်ပို့ဆောင်နိုင်ဖို့ NUGအစိုးရကနေ KIO ထံ တရားဝင်လွှဲပြောင်း ပေးခဲ့ပါတယ်။

သတင်း

ချင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အကြားတွေ့ဆုံဆွေးနွေးမှုရှိကြောင်း KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောကြားသကဲ့သို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း KIOနှင့်အတူလက်တွဲ တိုက်ပွဲဝင်နေကြောင်း ပြောကြားသည်။