Connect with us

Hi, what are you looking for?

သတင်း

မုံရွာနဲ့ ချောင်းဦးကြား မိုင်းရှင်းထွက်လာတဲ့ စစ်အုပ်စု မိုင်းထိ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးကြား မိုင်းရှင်းထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ထိခိုက်မှုတွေရှိကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ်တွင် ကာကွယ်ရေးရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ

သြဂုတ်-၂၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးကြား မိုင်းရှင်းထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ထိခိုက်မှုတွေရှိကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မနေ့က ဩဂုတ် ၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က မုံရွာ-မန္တလေးလမ်းပေါ်ကို မိုင်းရှင်းဖို့ ထွက်လာတဲ့ ဂွေးပင်တောရွာစခန်းနဲ့ နတ်ရေကန်ရွာစခန်းတို့ကနေ ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မုံရွာနဲ့ ချောင်းဦးကြားမှာ ၁၀ လုံးတွဲမိုင်းတွေကို နေရာ ၅ နေရာခွဲပြီး ဆင်ထားခဲ့ရာမှာ ၃ နေရာကတော့ တွေ့ရှိသွားလို့ ရှင်းလင်းသွားခဲ့ကြောင်း၊ ဒါပေမဲ့ ကျန်တဲ့ ၂ နေရာကနေ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦး မိုင်းထိသွားတယ်လို့ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃)က တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာ-မန္တလေးလမ်းပေါ်တွင် ကာကွယ်ရေးရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ

အလားတူ အဲဒီစစ်အုပ်စုကိုပဲ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာနဲ့ ချောင်းဦးကြားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးတယ်လို့ မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း People’s Defence Force -South Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“သူတို့ ယာဉ်တန်းတွေကတော့ အခုနောက်ပိုင်း ခပ်စိပ်စိပ် ကူးသန်းနေတာ။ အဲဒီ လမ်းပိုင်း ကလည်း သူတို့ စိုးမိုးနေတာ ဆိုတော့”လို့ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃)က တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုရဲ့ ထိခိုက်မှုအခြေအနေတွေကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်၂၃ရက်နေ့ မနက်အစောပိုင်းကလည်း ချောင်းဦးမြို့၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဆိုင်ကယ် ၂စီးနဲ့ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၄ဦးကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ ၄ ဦးလုံးသေဆုံးပြီး လက်နက်ခဲာမ်းတွေပါ သိမ်းဆည်းခံလိုက်ရပါသေးတယ်။

စစ်ကောင်စီဘက်ကလည်း ချောင်းဦးနဲ့ မုံရွာကြားကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတဲ့အပြင် မနေ့က သြဂုတ် ၁ ရက် မနက်ပိုင်းက ပါရာမိုတာ စက်တပ်လေထီးနဲ့ဗုံးချတိုက်ခိုက်လို့ ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့