Connect with us

Hi, what are you looking for?

သတင်း

ကရင်မှာရေဘေးကာလအတွင်းအရပ်သား ၄ ဦး ရေနစ်သေဆုံးခဲ့ရ

ကရင်ပြည်နယ်မှာ ရေကြီးရေလျှံဖြစ်ပွားတဲ့ နှစ်ပတ်တာ ကာလအတွင်း ပြည်သူလေး ဦး အသက်ဆုံးရှုံးခဲ့ရပြီး မိုင်းနင်းမိတာနဲ့ သစ်ပင်လဲတာကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

သြဂုတ် – ၄ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်မှာ ရေကြီးရေလျှံဖြစ်ပွားတဲ့ နှစ်ပတ်တာ ကာလအတွင်း ပြည်သူလေး ဦး အသက်ဆုံးရှုံးခဲ့ရပြီး မိုင်းနင်းမိတာနဲ့ သစ်ပင်လဲတာကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ဇူလိုင်လ ၂၄ ရက်ကစတင်ပြီး ကရင်ပြည်နယ်အတွင်းရေကြီး ရေလျှံမှုတွေဖြစ်ပွားရာမှာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေဟာမြို့တော် ဘားအံမြို့ ၊ ကော့ကရိတ်မြို့ ၊ လှိုင်းဘွဲ့မြို့နယ်တွေ မှာ ရှိခဲ့တာပါ။

မိုးကြီးပြီး နောက်ဆက်တွဲအနေနဲ့ တောင်ကျရေစီးတာ ၊ မြစ်ရေကြီးတာတွေကြောင့်ကရင်ပြည်နယ်မြို့တော်ဘားအံမြို့၊နယ်စပ်ကုန်သွယ်ရေးမြဝတီ ၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ကျိုက်ဒုံ၊ ကမမောင်း၊ ကော့ကရိတ် စတဲ့ မြို့တွေမှာ ရေကြီးခဲ့တာပါ ။ ဒါအပြင် လေပြင်းတိုက်ခတ်တာ၊ မြေပြိုတာတွေလည်း ဖြစ်ပျက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သဘာဝဘေးကိုရင်ဆိုင်နေရချိန် ဇူလိုင်လ ၂၄ ရက်က ကော့ကရိတ်မြို့နယ် နဘူး-နောင်တပွဲလမ်းမှာ ဆိုင်ကယ်နဲ့ဖြတ်သန်းသွားလာခဲ့တဲ့ ကော့ကရိတ်မြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးဟာ ရေစီးနဲ့မျောပါသွားပြီး သေဆုံးသွားခဲ့ပါတယ်။

ဘားအံမြို့နယ် မင်းဇီနဲ့ ပေါ့ထော်ရွာကြားမှာလည်း ဇူလိုင် ၂၉ ရက်က အမျိုးသား ခြောက်ဦး လိုက်ပါလာတဲ့ လှေနှစ်စီး နစ်မြုပ်သွားခဲ့ရာ ငါး ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် တစ်ဦးကတော့ ရေနစ်သေဆုံးသွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃၁ ရက်မှာဆိုရင် ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်၊ ရေပေါ်စျေးအနောက်မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း သုံးဦး လိုက်ပါလာတဲ့ လှေတစ်စီးဟာ တိမ်းမှောက်သွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျန်တဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေးပါတယ်။

ဒါ့အပြင် မနေ့ ဩဂုတ်လ၃ ရက်က ရေကြီးရေလျှံခဲ့တဲ့ ဘားအံမြို့ အမှတ် ၁ ရပ်ကွက်၊ လှာကမြင်လမ်းထောင့်နဲ့ ရွှေနှင်းဆီ ၇ လမ်းထောင့်မှာ အမျိုး သားတစ်ဦး ရေနစ်မြုပ်သေဆုံးသွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဒါတွေက ရေကြီးမှုကြောင့်သေဆုံးခဲ့တဲ့ဖြစ်ရပ်တွေဖြစ်ပြီး လှိုင်းဘွဲ့မှာတော့ ရေကြီးနေချိန် မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။

မြဝတီမှာလည်း သစ်ပင်လဲကျလို့ ကလေးတစ်ဦး ထိခိုက်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ဘားအံမြို့ပေါ်မှာ သံလွင်မြစ်ရေ ပြန်လည်ကျဆင်းသွားခဲပေမယ့် အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေရှိနေသေးပြီး ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ လူဦးရေ တစ်သောင်း ခန့်ရောက်ရှိခိုလှုံနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။