Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ

စစ်ကောင်စီသည် ယနေ့ညနေ ၄နာရီခန့်ခွဲခန့်တွင် စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းကို လေကြောင်းမှဗုံးကြဲရာ အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း နွားသုံးကောင်နှင့်အိမ် မွေးတိရစ္ဆာန်အချို့သေဆုံးခဲ့သည်။

စစ်တပ်တိုက်​လေယာဥ် ၂ စီး၂၀၁၉ တွင်​​​လေ့ကျင့်ပျံသန်းစဥ်။ ဓါတ်ပုံ-AFP

သြဂုတ်-၄၊၂၀၂၅။လူအေး/People’s Spring

စစ်ကောင်စီသည် ယနေ့ညနေ ၄နာရီခန့်ခွဲခန့်တွင် စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းကို လေကြောင်းမှဗုံးကြဲရာ အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း နွားသုံးကောင်နှင့်အိမ် မွေးတိရစ္ဆာန်အချို့သေဆုံးခဲ့သည်။

ကနီမြို့နယ် ငါးဖျက်ရွာကိုဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး အဆိုပါရွာ၌ ကာကွယ်ရေးရဲဘော်များမရှိဟု ဒေသခံများကပြောသည်။

“အရင်ကတော့ ပကဖဂိတ်ရှိတယ်။အခုမရှိတာကြာပြီ။သတင်းမှားရပြီးရမ်းသမ်းပစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ပြီးခဲ့သည့်ဇူလိုင်က၁၃ရက်နေ့ကလည်းကနီမြို့နယ်အတွင်းရှိချင်းတွင်းမြစ်‌ ဘေး ကျေးရွာအချို့ကို Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်အချို့ပျက်စီးခဲ့သည်။

စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာထားသည့် မြို့ပေါင်း၆၃ မြို့တွင် စစ်ကိုင်းတိုင်းရှိ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့ နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့ နယ်၊ အင်းတော်မြို့နယ်နှင့်အတူ ကနီမြို့နယ်လည်းပါဝင်နေသည်။ထို့ကြောင့် လေကြောင်းအန္တရာယ်ပိုမိုသတိပြုနေထိုင်ကြရန် ကာကွယ်ရေးရဲဘော်များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာ​ကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်​လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။