Connect with us

Hi, what are you looking for?

သတင်း

မြိတ်-ပုလောနဲ့ မြိတ်-ဘုတ်ပြင်း လမ်းပိုင်းမှာရှိတဲ့ ပြည်သူတွေ စစ်တပ်စခန်းတွေအနီးက ကြိုတင်ရွှေ့ပြောင်းထားကြဖို့ တနင်္သာရီတိုင်းစစ်ဌာန အသိပေး

ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေကို စစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်လာခြင်းကြောင့်အဲဒီမြို့နယ်တွေရဲ့နေရာအနှံ့မှာ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက သြဂုတ် ၄ရက်ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းမှ ရဲဘော်အချို့ကို ပုလောနယ်၊ ကျောက္ကာရွာပျူစခန်းဝင်စီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - မြိတ်ခရိုင် တပ်ရင်း ၁

သြဂုတ်-၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေကို စစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်လာခြင်းကြောင့်အဲဒီမြို့နယ်တွေရဲ့နေရာအနှံ့မှာ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက သြဂုတ် ၄ရက်ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးရာမှာပုလောမြို့နယ်မှာဆိုရင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နရာ၌ စစ်ဘေးရှောင်နေတဲ့ ခရီးသွားပြည်သူ ၁၀ ဦးဟာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင်တနင်္သာရီမြို့နယ်မှာဆိုရင်လည်း စစ်ကောင်စီတပ်တွ စစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းတလျှောက်မှကျေးရွာတွေကပြည်သူ ၁၀ဦးကို အဓမ္မစစ်မှုထမ်းစေခိုင်းရန် ဖမ်းဆီးခဲ့ကြောင်းသိရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“လောလောဆယ် ပလမှာ ခုတိုက်ပွဲဖြစ်နေတယ်။ လမ်း ဆက်ပိတ်ထားတုန်းပါ။ အခြေနေဆိုးနေတယ်။ (လမ်းဖွင့်ရန်)ကြာမယ် ထင်တယ်”လို့ ပုလောမြို့နယ်တွင်း စစ်ရေးအခြေအ နေကို ဒေသတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Spring ကို ပြောပါတယ်။

မြိတ်-ပုလောလမ်း အမှတ် (၈)ပြည်ထောင်စုလမ်းပေါ်မှာတည်ရှိတဲ့ ပုလောနဲ့ ပလကြားဝန်းကျင်အတွင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာ၊ ထိတွေ့တိုက်ပွဲတွေဖြစ်တာ ပိုဆိုးလာနေပြီး စစ်တပ်ဘက်ကရေကြောင်းအသုံးပြီး အင်အားတွေထပ်တိုးလာနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

တနင်္သာရီတိုင်းစစ်ဌာန ထုတ်ပြန်ချက်မှာလည်းစစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့တဲ့ ဒေသတွေမှာ ပြည်သူများအားဖမ်းဆီးခြင်း၊ အဓမ္မစေခိုင်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း ပြည်သူ လူထုရဲ့ပစ္စည်းဥစ္စာများခိုးယူ/သိမ်းယူခြင်းတွေ လုပ် ဆောင်တဲ့အပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းတွေလည်း လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ရင်း/တပ်ဖွဲ့၊ စစ်ကြောင်းများအနေဖြင့် စစ်ကောင်စီ ဝင် ရောက်တပ်စွဲတဲ့နေရာတွေကို အချိန်မရွေးတိုက်ခိုက်သွားမှာဖြစ်ပြီး မြိတ်-ပုလောအမှတ် (၈)ပြည်ထောင်စုလမ်းမကြီးနဲ့ မြိတ်-ဘုတ်ပြင်းလမ်းမကြီးတွေကို ယာယီပိတ်ထားမယ်လို့ သိရပါတယ်။

ဒါကြောင့် အဲဒီလမ်းပိုင်းတွေ တလျှောက်နဲ့ဆက်စပ်နေရာတွေရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေက ခရီးသွားပြည်သူတွေနဲ့ ဒေသခံကျေးရွာနေပြည်သူတွေအနေနဲ့ ကြိုတင်ရွှေ့ပြောင်းထားကြဖို့ တနသ်ာရီတိုင်းစစ်ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

Facebook