Connect with us

Hi, what are you looking for?

သတင်း

KIOခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော် ခေါင်းဆောင်များ တွေ့ဆုံ

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကော်မတီဝင် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော်(YA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယောတပ်တော်က ဩဂုတ် ၉ရက်ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် နှင့် ယောတပ်တော်နှင့် တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - Yaw Army Info

ဩဂုတ် ၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကော်မတီဝင် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော်(YA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယောတပ်တော်က ဩဂုတ် ၉ရက်ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တွေ့ဆုံဆွေးနွေးမှု ဓာတ်ပုံမှတ်တမ်းအချို့ကို ဖော်ပြထားသော်လည်း ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကို ဖော်ပြမထား၍ ယမန်နေ့ညကတည်းက ယောတပ်တော် သတင်းပြန်ကြားရေး ဌာနသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မှတ်တမ်းဓာတ်ပုံများအရ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏ရုံးခန်းဟု ယူဆရသည့် အခန်းတခု၌ ယောတပ်တော်မှ ခေါင်းဆောင် ၄ဦးနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တို့ တွေ့ဆုံနေမှုကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ယောတပ်တော်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုရှိသည့် ယောတပ်တော်၏ မဟာမိတ်ဖြစ်သော ချင်းညီနောင် ခေါင်းဆောင်များ နှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တို့ လိုင်ဇာ၌ တွေ့ဆုံခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၌လည်း အဆိုပါ ရုံးခန်းနေရာ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။

ချင်းညီနောင် အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ခုမှ ခေါင်းဆောင်များသည် ဇူလိုင် တတိယပတ်က လိုင်ဇာတွင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် အပါအဝင် KIO/KIA အရာရှိ အချို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ချင်းညီနောင်၏ လိုင်ဇာခရီးစဉ်ကို ဩဂုတ် ၈ရက်တွင် ချင်းညီနောင်တာဝန်ရှိသူ အချို့က အသိပေးပြီးနောက် ယောတပ်တော်ကလည်း ယခုကဲ့သို့ လိုင်ဇာသို့ သွားရောက်ခဲ့မှုကို အသိပေးလာခြင်းဖြစ်သည်။

KIO၏ ဖိတ်ခေါ်ချက်အရ လိုင်ဇာသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မဟာဗျူဟာကျကျ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပြထားသည်။

“KIO/KIAနဲ့ ကျနော်တို အရင်ကထက်ပိုပြီးမှ နီးကပ်တဲ့ဆက်ဆံရေးမဟာဗျူဟာကျကျ လက်တွဲ ပူးပေါင်းဖို ပေါ့နော်။ ပြီးတော့ ဒီတော်လှန်ရေး အရွေ့ဖြစ်အောင် ဘယ်လို ပူးပေါင်းလုပ်ဆောင်ဖို အဲဒါတွေပဲ အဓိက ထားပြီး ဆွေးနွေးဖြစ်ကြပါတယ်။ သူတိုအနေနဲ့လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ရော KIO/KIA အတိုင်းအတာနဲ့ရော ဘယ်လိုလုပ်နေတယ် ကျနော်တိုအနေနဲ့ ဘယ်လိုချိတ်ဆက်ပြီးတော့ လုပ်နိုင်တယ်၊ ဒီတော်လှန်ရေး အရွေ့ဖြစ်အောင်ဘယ်လိုဆက်ပူးပေါင်းကြမယ် အဲဒီလိုမျိုးတွေပေါ့” ဟု ဆလိုင်းယောမာန်က ပြောပြထားသည်။

KIO အနေဖြင့် ကချင်ပြည်နယ်အရေး ၊ ကချင်အရေးသာမက တနိုင်ငံလုံးအတွက် မဟာဗျူဟာကျကျ စဉ်းစားလုပ်ဆောင်နေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်ဟုလည်း ဆလိုင်းယောမာန်က ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။