Connect with us

Hi, what are you looking for?

သတင်း

KIOနှင့် တော်လှန်ရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ဟု ယောတပ်တော်ပြော

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော်(YA)ခေါင်းဆောင်များ တွေ့ဆုံစဉ် တပ်တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆိုင်ရာများ အဓိက ဆွေးနွေးခဲ့ဟု ယောတပ်တော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် နှင့် ယောတပ်တော်နှင့် တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - Yaw Army Info

ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော်(YA)ခေါင်းဆောင်များ တွေ့ဆုံစဉ် တပ်တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆိုင်ရာများ အဓိက ဆွေးနွေးခဲ့ဟု ယောတပ်တော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့် ယောတပ်တော်တွေ့ဆုံသည့် မှတ်တမ်းကို ဩဂုတ် ၉ရက်တွင် ယောတပ်တော်က ထုတ်ပြန်ခဲ့ရာ ဆွေးနွေးပွဲ အခြေအနေများ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှာ ယခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော် တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ လက်ရှိတော်လှန်ရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတာရယ်၊ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုအခင်းအကျင်းသစ်ကိုဘယ်လိုပြင်ဆင်တည်ဆောက်သွားကြမယ်ဆိုတဲ့အခြေအနေတွေကိုဆွေးနွေး အကြံဉာဏ်ရယူမှုတွေရယ်၊ လက်ရှိတပ်တည်ဆောက်မှုပိုင်းဆိုင်ရာတွေမှာ လိုအပ်တဲ့အကြံဉာဏ်အကူညီတွေရယူတာတွေရယ်၊ လက်ရှိယောဒေသ စစ်ရေး နိုင်ငံရေး အခြေအနေေတွ ကို တင်ပြဆွေးနွေး အကြံဉာဏ်ရယူတာရယ်ပေါ့ အကြမ်းကတော့ အဲ့လောက်ပါပဲဗျ” ဟု ယောတပ်တော် တာဝန်ရှိသူက ပြောသည်။

ယောတပ်တော်ကဲ့သို့ပင် ၎င်း၏ မဟာမိတ်များဖြစ်သော ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်များသည် ယခုနှစ် ဇူလိုင် တတိယပတ်တွင် KIO၏ ဖိတ်ခေါ်ချက်ဖြင့် KIO ဌာနချုပ် လိုင်ဇာသို့ သွားရောက်ပြီး ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၊ ဒုတိယစစ်ဦးစီးချုပ် မရန်ဇော်တောင် တို့ အပါအဝင် KIO/KIA ခေါင်းဆောင်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ KIOနှင့် တွေ့ဆုံရာတွင်လည်း တော်လှန်ရေးတွင် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

Facebook