Connect with us

Hi, what are you looking for?

သတင်း

တနိုင်ငံလုံးရှိ လူမျိုးများပူးပေါင်းပါဝင်တိုက်ပွဲဝင်နေဟု NUGကာကွယ်ရေး ပြော

ကချင်အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီတူရှိခွင့်၊ တရားမျှတခွင့်ရရှိရေး တော်လှန်ရေးခရီးတွင် ကချင်လူမျိုးများသာမကဘဲ မြေပြန့်ရှိ လူများစု ဗမာလူမျိုးများအပါအဝင် တနိုင်ငံလုံးရှိ လူမျိုးများပူးပေါင်း ပါဝင်တိုက်ပွဲဝင်လျက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Sirinda

ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီတူရှိခွင့်၊ တရားမျှတခွင့်ရရှိရေး တော်လှန်ရေးခရီးတွင် ကချင်လူမျိုးများသာမကဘဲ မြေပြန့်ရှိ လူများစု ဗမာလူမျိုးများအပါအဝင် တနိုင်ငံလုံးရှိ လူမျိုးများပူးပေါင်း ပါဝင်တိုက်ပွဲဝင်လျက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်သည်။

ယနေ့ ဩဂုတ် ၁၀ရက်တွင် ကျရောက်သည့် (၅၀)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့ခဲ့သည့်အပြင် ကာကွယ်ရေးဝန်ကြီးဌာနကလည်း သီးခြားသဝဏ်လွှာပေးပို့ပြီး ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။

“ကချင် အာဇာနည်များ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့သည့် ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေး နှင့် စစ်အာဏာရှင်နစ်ချုပ်ငြိမ်းရေးတိုက်ပွဲသည် ယနေ့ကာလတွင် အပြီးသက် အောင်ပွဲရရှိရန် ပိုမိုနီးကပ်လာပြီကြောင်း အသိပေးရင်းဤသဝဏ်လွှာကိုပေးပိုအပ်ပါသည်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ပါရှိသည်။

Public Service Announcement

Public Service Announcement

ကချင်ခေါင်းဆောင်ကြီးများဖြစ်သည့် KIO/KIA ဥက္ကဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC-Lahtaw Zau Seng၊ ဒုတိယ စစ်ဦးစီးချုပ် VCS-Lahtaw Zau Tu၊ အထွေထွေအတွင်းရေးမှူး Salang Kaba PungShwi Zau Seng တို ကျဆုံးခဲ့သည့် နေ့ကို ဂုဏ်ပြုကာ ကချင်အာဇာနည်နေ့ကို ကျင်းပခဲ့ခြင်းဖြစ်ပြီးယနေ့တိုင်အောင်အဆိုပါခေါင်းဆောင်ကြီးများ၏ ရည်မှန်း ချက်များ ပြည့်ဝစေရေး ကချင်လူမျိုးများက ကြိုးပမ်းအားထုတ်လျက်ရှိသည်ကို တွေ့ရဟု ဖော်ပြသည်။

စစ်အာဏာရှင်စနစ်နှင့်ဖိနှိပ်မှုမျိုးစုံအောက်မှကချင်လူမျိုးတို့ လွတ် မြောက်ရေး အသက်ပေးခဲ့ကြသည့် ကချင် အာဇာနည်များ၊ ခေါင်းဆောင်များ၊ သွေးချင်းများကို လေးမြတ်စွာ ဂုဏ်ပြုဟုလည်း သဝဏ်လွှာ၌ ရေးသားထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အပါအဝင် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် လက်တွဲဆောင်ရွက်နေခြင်းဖြစ်ပြီး အဆုံးသတ်အောင်ပွဲအတွက် အထွေထွေထိုးစစ် ဆင်နွှဲရန်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

သတင်း

လူထုရဲ့အခုတစ်ကြိမ် ပေါက်ကွဲမှုက ခေတ်ဟောင်းရဲ့ နိဂုံး၊ခေတ်သစ်ရဲ့ နိဒါန်းဖြစ်လိမ့်မယ်လို့ ​ဖော်ပြ

သတင်း

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဇွန်လအတွင်းမှာ ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Facebook