Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်နှင့် မအီမြို့တို့ကို စစ်ကောင်စီ ဗုံးကြဲ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော တောင်ကုတ်နှင့် မအီမြို့တို့ကို စစ်ကောင်စီက ဩဂုတ် ၄ရက်တွင် လေကြောင်းမှ ဗုံးကြဲပြီးနောက် ယမန်နေ့ကလည်း နောက်တကြိမ် ဗုံးကြဲခဲ့သည်။

၂၀၂၄ ဒီဇင်ဘာက တောင်ကုတ်မြို့မစျေးကို စစ်ကောင်စီ ဗုံးကြဲခဲ့စဥ်။ ဓာတ်ပုံ - APM

သြဂုတ်-၁၄၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော တောင်ကုတ်နှင့် မအီမြို့တို့ကို စစ်ကောင်စီက ဩဂုတ် ၄ရက်တွင် လေကြောင်းမှ ဗုံးကြဲပြီးနောက် ယမန်နေ့ကလည်း နောက်တကြိမ် ဗုံးကြဲခဲ့သည်။

တောင်ကုတ်မြို့နယ်တောင်ပိုင်းတစ်နေရာကို ဩဂုတ် ၁၃ ရက် ညနေ ၅ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး တောင်ကုတ်နှင့် ဆက်စပ်နေသော မအီမြို့ကိုပါ ဗုံးကြဲသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဩဂုတ်လဆန်းကတည်းက လေကြောင်းကနေ ခြိမ်းခြောက်လာတာပါ။ ရခိုင်က မြို့တွေ ပိုပြီး သတိထားနေကြရတယ်။ တောင်ကုတ်နဲ့ မအီကတော့ တကြောတည်းဖြစ်တယ်။ မနေ့က တောင်ကုတ်မှာတော့ ဒေသခံ အထိခိုက်ရှိတယ်”ဟု စစ်ဘေးရှောင်နေရသော တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မအီမြို့တွင် လုံးတော်ပေါက်ရွာကို ဗုံးကြဲခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိသော်လည်းအသေးစိတ်မသိရသေးပေ။ စစ်ကောင်စီသည် ဩဂုတ် ၄ရက်‌နေ့ကလည်း တောင်ကုတ်နှင့် မအီမြို့နယ်စပ်တစ်‌နေရာကို ဗုံးကြဲခဲ့သည်။

စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် ဂွမြို့၊ သံတွဲမြို့တို့ကို ပြီးခဲ့သည့် ဇွန်လမှစ၍ လက်နက်ကြီးများပစ်ခတ်နေပြီး ယခုရက်ပိုင်း၌ ကျောက်ဖြူမြို့နှင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

AAသည် ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားပြီး စစ်ရေးရည်မှန်းချက်များအတိုင်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းဩဂုတ် ၁၁ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာလစာထုတ်ပြီးအပြန်ပညာရေးဝန်ထမ်းဆရာ၊ ဆရာမတွေပါဝင်တဲ့ခရီးသည်တင်စက်လှေတစီး နစ်မြုပ်ရာဆရာမ၁ဦးသေဆုံးပြီး၈ဦးပျောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူတိုက်ပွဲတွေအတွင်း အကျအဆုံးများ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရမ်းဗြဲကျွန်းနဲ့ တောင်ကုတ်မြို့နယ်ကြား ကားလမ်းမပေါ်ရှိ မအီမြို့ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူတိုက်ပွဲတွေအတွင်း အကျအဆုံးများ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူ-ရမ်းဗြဲ-အမ်းလမ်းမပေါ်မှာရှိတဲ့ မင်းကြောင်ချောင်းတံတားကို ယမန်နေ့ကညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ ဗုံးလေး လုံးကြဲချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။