Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကို စစ်ကောင်စီ အင်အားဖြည့်၊ တိုက်ပွဲဆက်ဖြစ်နေ

ဖားကန့်မြို့နယ်တွင်စစ်ကောင်စီတပ်ကထပ်မံအင်အားဖြည့်နေပြီး မြေပြင်စစ်ကြောင်းများ လှုပ်ရှားလာ၍ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် နီးစပ်သူများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်−၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်တွင်စစ်ကောင်စီတပ်ကထပ်မံအင်အားဖြည့်နေပြီး မြေပြင်စစ်ကြောင်းများ လှုပ်ရှားလာ၍ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် နီးစပ်သူများက ပြောသည်။

သြဂုတ်လဆန်းပိုင်းကကာမိုင်း – လုံခင်း – ဖားကန့်လမ်းအတိုင်း ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုအခါ လုံးခင်းကျေးရွာအုပ်စုအတွင်း ရောက်ရှိနေပြီး ရွာလမ်းမတလျှောက်နေရာယူထားသည်ဟု သတင်းရရှိသည်။

” မနက်က မှော်စီဆာမှာအရပ်သားနှစ်ယောက်ပစ်သတ်ခံရတယ်။ စစ်ကောင်စီစစ်ကြောင်းကလည်း နေရာတော်တော်များများမှာလှုပ်ရှားလာတယ်။ စစ်ကြောင်းကိုလည်း မိုင်းခွဲတာရှိတယ်ဆိုတော့ အခြေအနေတွေအားလုံးက သတိထားရဖို့ပဲရှိတယ်”ဟု KPDFနှင့် နီးစပ်သူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ယာဉ်တန်းသည် လုံးခင်းယမ်းချက်စက်ရုံမှ ထွက်လာစဉ် KIA၊KPDFက မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သည်။ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

အရပ်သားနှစ်ဦးသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရမှုမှာယနေ့( ဩဂုတ် ၂၂ရက်) နံနက် ၁၀နာရီခွဲခန့်က မှော်စီစာရွာလမ်းမကြီးပေါ်ရှိ စိန်ချိုကွမ်းယာဆိုင်အနီးနှင့် မှော်စီစာရွာလမ်းဆုံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်စဉ်ကို အသေးစိတ်မသိရသေးသော်လည်း ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ လှုပ်ရှားပါက အရပ်သားများအား ပစ်ခတ်သဖြတ်သွားသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယခုရက်ပိုင်းတွင် ဖားကန့်မြို့နယ်အတွင်း အမှိုက်ပုံ‌ကျေးရွာ၊ ရှရော်ခကျေးရွာ၊ မှော်မောင်းကုန်းကျေးရွာ၊ မှော်မောင်းလယန်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီကအင်အားထပ်မံပို့ဆောင်နေခြင်းဖြစ်သည်။

သြဂုတ် ၁၉ရက်က အမှိုက်ပုံ‌ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သေးသည်။

သြဂုတ် ၁၅ရက်ကလည်း ရှရော်ခ၊ မှော်မောင်းလယာန်နှင့်မှော်မောင်းကုန်းကျေးရွာဘက်ကို လေကြောင်းမှ ဗုံးကြဲပြီး စက်‌သေနတ်ဖြင့်ပါ ပစ်ခတ်သွားသည်။

ဖားကန့်မြို့နယ်၌ တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီက လေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်း KIA၊KPDF တပ်ဖွဲ့ဝင်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။