Connect with us

Hi, what are you looking for?

သတင်း

လားရှိူးမြို့လယ်တွင်ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီးကားလု

စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိူးမြို့လယ်တွင် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်ပြီး ကားလုယက်မှုယနေ့(သြဂုတ် ၂၃ရက်) နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့သည်။

​သေနတ်ပစ်​ဖောက်ခြိမ်း​ခြောက်၍ကားလုယက်​နေသည့် CCTVမှတ်တမ်းမြင်ကွင်း။ ရုပ်သံ-Naw Phaw ၊Lasho Media

ဩဂုတ်−၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိူးမြို့လယ်တွင် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်ပြီး ကားလုယက်မှုယနေ့(သြဂုတ် ၂၃ရက်) နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့သည်။

လားရှိုးမြို့၊ ရပ်ကွက်(၅)တွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် အိမ်စီးကားမှာလမ်း​ဘေး၌ ရပ်ထားစဥ်ဆိုင်ကယ်ဖြင့်လာသော အမျိုးသားနှစ်ဦးက​ရောက်လာပြီး တစ်ဦးက​သေနတ်ဖြင့်ခြိမ်း​​ခြောက်ကာ လုယက်သွားခြင်းဖြစ်သည်။ ထိုအမျိုးသားကလုယက်​နေချိန်တွင် ကျန်အမျိုးသားကဆိုင်ကယ်​ပေါ်မှ​စောင့်​နေခဲ့သည်ကို CCTV မှတ်တမ်းတွင်​တွေ့ရသည်။

“လွယ်လွယ်လေးရယ် လုယူသွားတာ။ ဒီဟာက CCTV ရလို့သိတာ။ဖြစ်နေတာခဏခဏ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါလုယက်မှုတွင် သေနတ်ပစ်ခတ်သံနှစ်ချက် ကြားရသည်။ လုယက်ခံရသည့်အမျိုးသမီးက ကား​နောက်​ပြေးလိုက်၍ အော်ဟစ်အကူအညီတောင်းသော်လည်း ဘေးပတ်ဝန်းကျင်း၌ လူများရှိ​သော်လည်း ကူညီပေးမည်သူမရှိခဲ့ပေ။

၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းတွင် MNDAAနှင့်ပူး​ပေါင်းတပ်များက ၂၀၂၄ သြဂုတ်လဆန်း၌ ရမခ အပါအဝင်လားရှိုးမြိူ့ကိုသိမ်းယူနိုင်ခဲ့သည်။ သို့​သော် တရုတ်က MNDAA ကိုပြင်းထန်စွာဖိအား​ပေးပြီး ကြားဝင်စွက်ဖက်သဖြင့် လားရှိုးမြို့ကို စစ်ကောင်စီက တရုတ်အကူအညီဖြင့် ပြီးခဲ့သည့် ဧပြီလတွင် ကျည်တစ်ချက်မ​ဖောက်ရဘဲပြန်လည်ရရှိခဲ့သည်။

လားရှိုးမြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးနောက် လုယက်မှုများ၊ ခိုးမှုများ၊ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။လေကြောင်းအန္တရာယ်မစိုးရိမ်ရတော့သည်မှလွဲ၍ တရားဥပဒေစိုးမိုးမှုမရှိတော့ကြောင်း လားရှိုးမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးမှာအခုရက်ပိုင်းအတွင်းလမ်းသွားလမ်းလာခရီးသွားတွေကိုအသက်အန္တရာ​​ယ်ပြုပြီးလုယက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

Facebook