Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာ စစ်တပ်ကခရီးသွားပြည်သူတွေကို မိုင်းရှာခိုင်းနေ

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းတလျှောက် တည်ငြိမ်မှုမရှိသေးဘဲ စစ်တပ်က ခရီးသွားပြည်သူတွေကို မိုင်းရှာခိုင်းတာ၊ အကာအကွယ်ယူသွားလာတာတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်၌ စောင့်ဆိုင်းနေသော ယာဥ်များအား ပြီးခဲ့သည့်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CJ

သြဂုတ်-၂၄၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းတလျှောက် တည်ငြိမ်မှုမရှိသေးဘဲ စစ်တပ်က ခရီးသွားပြည်သူတွေကို မိုင်းရှာခိုင်းတာ၊ အကာအကွယ်ယူသွားလာတာတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးကားသမားတစ်ဦးပါသေဆုံးခဲ့တဲ့ မုံရွာ-မန္တလေးလမ်းမှာ ဒီကနေ့ သြဂုတ် ၂၄ ရက်မနက်ပိုင်းကစပြီး လမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားကြောင်း ဒေသခံတွေက ပြောပါတယ်။

“မုံရွာမန်းလေးလမ်းတလျှောက်ပဲ။ ဂိတ်တွေကနေ အကုန်ထွက်တယ်။ လမ်းဘေးဘယ်ညာလက်နက်ငယ်တွေနဲ့ ပစ်ရှင်းရှင်းနေတယ်။”လို့ ဒေသတွင်းရဲဘော်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ခရီးသွားလာကြတဲ့ ပြည်သူတွေကိုလည်း ယာဥ်တွေပေါ်ကနေဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ မိုင်းရှာနေတုန်းလည်း ပြည်သူတွေကို သူတို့(စကစ)တပ်သားတွေနား ထိုင်ခိုင်းထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ ခရီးသွားပြည်သူတွေကိုအကာအကွယ်ယူပြီး သွားလာနေကြောင်း၊ ကားလမ်းတွေလည်း ယာယီပိတ်ထားကြောင်း ဒေသခံများက ပြောပါတယ်။

မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခကနေလည်းစစ်ကား၅စီးထွက်လာပြီးစစ်ကိုင်းဘက်ဦးတည်နေတယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းမကြီးအပေါ် သွားလာကြမယ့် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီး သွားလာကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားကြပါတယ်။

သြဂုတ် ၂၂ ရက်မနက်ပိုင်းက မုံရွာ-မန္တလေးလမ်း၊ မုံရွာနဲ့ချောင်းဦးမြို့နယ်ကြားမှာတိုက်ပွဲဖြစ်ပွားကာ စစ်အုပ်စုကခရီးသည်တင်ကားတွေကို အသုံးချပြီး တိုက်ခိုက်လို့ယာဥ်​မောင်းတဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကံသစ်ကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက် မနက်ပိုင်းက စစ်ရှောင်မိသားစု ရွာကိုပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိပြီး ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။