Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုး -နဘူးလမ်းပိုင်းကို စစ်ကောင်စီတပ်ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-နဘူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ဩဂုတ်လ၂၁ ရက်က KNU တပ်မဟာ ၇ ပူးပေါင်းတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီက စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်အချို့ ခရီးရှည်ချီတက်လေ့ကျင့်ပုံ ဓာတ်ပုံ - စစ်ကောင်စီ

သြဂုတ် – ၂၄ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-နဘူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ဩဂုတ်လ၂၁ ရက်က KNU တပ်မဟာ ၇ ပူးပေါင်းတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဖားအံခရိုင်၊ တနေချာ့(နဘူး)မြို့၊ ကျုံဒိုး-နဘူးလမ်းပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ဩဂုတ်လ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်ကခြေလျင် အင်အားအလုံးအရင်းသုံးပြီး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူကို ရယူကာ ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တဲ့အတွက် ကျုံဒိုး-နဘူးလမ်းပိုင်းက ကျုံဘိုင်းတောင်တန်းပေါ်မှာ KNU တပ်မဟာ ၇ ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ ၂၁ ရက်နေ့က ကျုံဘိုင်းတောင်တန်းတဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကြောင်းထိုးလာချိန် ကျုံဒိုး-နဘူးလမ်းပိုင်းက ကျေးရွာတွေထဲကို လက်နက်ကြီး၊ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်တာကြောင့် ကော့ဒေးဆိုင်၊ ကျုံဘိုင်း၊ နိုင်းခလောင်၊ ကြာအင်းစုကျေးရွာတွေဘက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး သာသနိကအဆောက်အဦးနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ကျုံဘိုင်း၊ ကော့ဒေးဆိုင်၊ နိုင်းခလောင်၊ ကြာအင်းစု၊ ကျုံဒိုးချောင်းဖျား၊ ကော့သာစူး စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျုံဒိုး-နဘူးလမ်းကနေတဆင့် နဘူးတပ်ဗျူဟာ၊ ထို့ကော်ကိုး-မြ၀တီ ဒေါနတောင်ပေါ်လမ်းဘက်ကို ဦးတည်လာနိုင်သလို မြပတိုင်၊ ရင်ကွဲတောင်နဲ့ ကော့ကရိတ်မြို့ဘက်ကိုလည်း ဦးတည်လာနိုင်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ကျုံဒိုး-နဘူးလမ်းပိုင်းနဲ့ အာရှလမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် အဲဒီလမ်းပိုင်းတွေမှာ ဩဂုတ်လအစောပိုင်းက စတင်ပြီး တိုက်ပွဲတွေအပြင်းအထန် ပြန်ဖြစ်လာတာပါ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။