Connect with us

Hi, what are you looking for?

သတင်း

ဒုက္ခသည်စခန်း​တွေက မြန်မာဒုက္ခသည်တွေကိုအလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရသဘောတူ

ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်း​တွေမှာ​နေထိုင်တဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပြုရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရ အဖွဲ့ကမူအားဖြင့်လက်ခံသဘောတူလိုက်ပါတယ်။

မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် နှစ်ဦး ။ဓါတ်ပုံ-AFP

သြဂုတ်-၂၆၊၂၀၂၅/People’s Sping

ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်း​တွေမှာ​နေထိုင်တဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပြုရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရ အဖွဲ့ကမူအားဖြင့်လက်ခံသဘောတူလိုက်ပါတယ်။

အဲဒီ အဆိုပြုချက်ကို ထိုင်းပြည်ထဲရေး ဝန်ကြီးနဲ့ လက်ရှိ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဖုန်သမ် ဝီချာယာချိုင်က လက်မှတ်ရေးထိုးထားပါတယ်။ တင်ပြထားတဲ့ အချက်တွေကတော့ မြန်မာဖက်ခြမ်းက စစ်ရေး ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ ကာလရှည်ခိုလှုံနေတဲ့ စစ်ရှောင်တွေကို ဘယ်လို အလုပ်အကိုင်တွေ ခွင့်ပြုသင့်သလဲ ဆိုတာကို စီမံခန့်ခွဲပေးဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။

ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက အစီအမံတွေကို ဆန်းစစ်ပြီးတဲ့နောက်အဆိုပြုတင်ပြချက်တွေဟာ ထိုင်းနိုင်ငံအတွက်အမျိုးသားလုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ပြည်သူ့ကျန်းမာရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍပေါင်းစုံကနေ အကျိုးဖြစ်ထွန်းစေမယ်လို့ ယူဆခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒုက္ခသည်စခန်း​တွေက ဒုက္ခသည်တွေကို ပြည်တွင်းမှာ ခွင့်ပြု အလုပ်အကိုင် အမျိုးအစားတွေ သတ်မှတ်ပေးခြင်းအားဖြင့် တရားမဝင် ဝင်ရောက် အလုပ်လုပ်မှုတွေကို လျော့ကျစေပြီး နိုင်ငံခြား အလုပ်သမားတွေအတွက် စီမံ ခန့်ခွဲနိုင်မယ့် ရှင်းလင်းတဲ့ စနစ်တစ်ခုကို ပေါ်ထွန်းစေပြီး နယ်စပ် တည်ငြိမ်မှုကို အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာလာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအစိုးရက ကာလရှည်ကြာ ထောက်ပံ့ ကူညီနေရတဲ့ စရိတ်တွေကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုင်းမှာ အလုပ်လုပ်ခွင့် ရမယ်ဆိုရင် မြန်မာ ဒုက္ခသည်တွေ အနေနဲ့ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်မှာဖြစ်သလို ထိုင်းရဲ့ လုပ်ငန်းနယ်ပယ် တချို့မှာအလုပ်သမား လျော့နည်း ပြတ်တောက်မှုကိုလည်းဖြေရှင်းနိုင်မယ်လို့ ထိုင်းအစိုးရက ယူဆထားပါတယ်။

နောက်ပြီးအလုပ်သမားတွေကိုကျန်းမာရေး စစ်ဆေးမှုနဲ့ ကျန်းမာရေး အာမခံ လျှောက်ထားမှုတွေ မပျက်မကွက်လုပ်ဆောင်စေမှာဖြစ်ပြီးအဲဒီစည်းမျဉ်းက အလုပ်သမားတွေရဲ့ ကျန်းမာရေး အတွက်ရော၊ ထိုင်းနိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုပါ အကျိုးဖြစ်ထွန်းစေမယ်လို့လည်း သိရပါတယ်။

အခု အဆိုပြုချက်ကို အလုပ်သမား ဝန်ကြီးဌာနက တင်ပြခဲ့ပြီး ထိုင်းအစိုးရ အဖွဲ့ကလည်း ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မူဝါဒ အပြောင်းအလဲဟာ ထိုင်းနိုင်ငံရဲ့လူ့အခွင့်အရေး၊နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ တက်ကြွစွာ ပါဝင်လိုတဲ့ ထိုင်းရဲ့ သဘောထားကိုလည်း ထင်ဟပ်စေပြီး နိုင်ငံတကာ ရပ်ဝန်းမှာ ထိုင်းရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ကို တည်ဆောက်နိုင်လိမ့်မယ်လို့ အစိုးရက ယုံကြည်နေပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ စစ်​ဘေးဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခည် ရှစ်​သောင်း​ကျော်ဟာကာလရှည်ခိုလှုံ​နေထိုင်​နေပါတယ် ။ အ​မေရီကန်အစိုးရက ဒုက္ခသည်​တွေအတွက် ကျန်းမာ​ရေးအကူအညီ ​တွေအပါအဝင် လူသားချင်းစာနာ​ထောက်ထားမှု​အကူအညီ​ပေးတာ​တွေကို၂၀၂၅ နှစ်ဆန်းပိုင်း ရပ်ဆိုင်းလိုက်တာ​ကြောင့် ဒုက္ခသည်​တွေဟာအခက်အခဲ​တွေနဲ့ရင်ဆိုင်​နေရတာဖြစ်ပါတယ်။

ကိုးကား-The Reporters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။